
  • Home
  • Computer Software
  • Computer Technology
  • Printer Driver
  • Technology Books
  • တရားတော်များ

Sunday, February 25, 2018

Window 8 / 8.1 တွေမှာ Shutdown မချတတ်သူတွေအတွက် Start Menu 8 Pro

 February 25, 2018     ကွန်ပျူ တာ ဆော့ဝဲလ်များ     No comments   


Window 7 ကနေ Window 8/ 8.1 / 10 ပြောင်းပြီး Shutdown ချဖို့ Start Button က ရှာမတွေ့ Shutdown မချပဲ  ပါဝါခလုတ်ထိုးပိတ်ဖို့ ကြိုးစားနေသူတွေအတွက် Start Menu 8 Pro လေးပါ။ Window 7 လို Start Button ကနေ Shutdown ချဖို့အတွက်ပါ။ ပါဝါခလုတ်ထိုးမြဲ ထိုးပိတ်နေသူတွေ Harddisk နာလို့ အသစ်လဲရန် ကာကွယ်နိုင်တာပေါ့။

လိုချင်သူများ အောက်က အဆင်ပြေသော  လင့်မှ ဒေါင်းယူပါ။

Download   -    Start Menu 8 Pro

Download    -     Start Menu 8 Pro

လင့် အဆင်မပြေပါက ပြောခဲ့ပါ။ Key ပါ ထည့်ပေးထားပါတယ်။ တစ်နှစ်စာပေါ့ ၃၆၅ ရက်။ Zip လုပ်ထားပါသည်။

No ads
No Password

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Tuesday, February 20, 2018

Programming လေးတွေ လေ့လာ ရေးသားချင်သူများ

 February 20, 2018     ကွန်ပျူ တာ ဆော့ဝဲလ်များ     1 comment   


Microsoft Visual Basic 6 Portable ဆော့ဝဲလ်လေး

လိုချင်သူများ အောက်က လင့်တွင် ဒေါင်းယူပါ။

Download  -     Visual Basic 6.0

လင့် အဆင်မပြေပါက ပြောခဲ့ပါ။ ဖိုင်ဆိုဒ်ကတော့ 5MB ကျော်လေးပါ။

No Password
No ads

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Saturday, February 17, 2018

Service သမားများ လက်စွဲ Winaero Tweaker 0.7.0.2

 February 17, 2018     ကွန်ပျူ တာ ဆော့ဝဲလ်များ     No comments   


UAC disable ကျနေသူများ၊ Windows Defender ဖွင့်မရသူများ၊ USB Write Protection ဖြစ်နေသူများ၊ Shortcut Arrow များ ဖြုတ်ချင်သူများ အစစရှိသော Error အများအပြားကို ဖြေရှင်းပေးနိုင်သော Service သမား လက်စွဲ Winaero Tweaker 0.7.0.2  လေးပါ။

မိမိ ပြင်ဆင် ပြုလုပ်ပြီးပါက  ကွန်ပျူတာကို Restart  ချဖို့ မမေ့ပါနဲ့။  Restart  ချမှသာ ပြင်ဆင်ခဲ့သမျှ အတည်ပြု အလုပ် လုပ်ပါမည်။

လိုချင်သူများ အောက်က လင့် တွင် ဒေါင်းယူပါ။

Download  -     Winaero Tweaker 0.7.0.2

Download   -    Winaero Tweaker 0.7.0.2

လင့် အဆင်မပြေပါက ပြောခဲ့ပါ။ ဖိုင်ဆိုဒ်က  2MB ကျော်ကျော်လေးပါ။  Zip ဖိုင် ပြုလုပ်ထားပါသည်။

No Password
No ads

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Sunday, February 11, 2018

Class not registered, ClassID: ( 9ba05972-f6a8-11cf-a442-00a0c90a8f39 ) Error လေး ကြုံရပါက

 February 11, 2018     ကွန်ပျူ တာဆိုင်ရာ နည်းပညာ     No comments   


Class not registered, ClassID (9ba05972-f6a8-11cf-a442-00a0c90a8f39) လေး ကွန်ပျူတာဖွင့်ပြီး Window တတ်တိုင်း ပွင့်နေပါက ကွန်ပျူတာကို Restart ချမည့်အခါတိုင်း  Error message box  လေးကျပါက ဖြေရှင်းနည်းလေးပါ။

-    အရင်ဆုံး    Start  ကနေ   cmd  ဟု ရိုက်ပါ။

-    cmd  တွေ့ပါက   cmd  အပေါ်ကို  Right Click  နှိပ်   Run as administrator  နဲ့ ဖွင့်ပါ။

-    Comman Prompt  ထဲ ရောက်ပါက      sfc /scannow      ဟုရိုက်   Enter ခေါက်ပါ။ 100%  ပြည့်သွားတဲ့အခါ  ကွန်ပျူတာကို Restart   ချပါ။

-   ကွန်ပျူတာ ပြန်ပွင့်လာပါက  Class not registered, ClassID: ( 9ba05972-f6a8-11cf-a442-00a0c90a8f39 ) Error လေး ပျောက်သွားပါလိမ့်မယ်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Thursday, February 8, 2018

Microsoft Word မှာ ဖောင့်ဆိုဒ်ချိန်ပြီး စာရိုက်၍ Print ထုတ်တဲ့ အခါ ဖောင့်ဆိုဒ်သေးနေသူများ

 February 08, 2018     ကွန်ပျူ တာဆိုင်ရာ နည်းပညာ     No comments   


Microsoft Word မှာ Myanmar 3   နဲ့ ဖောင့်ဆိုဒ် 13  ထားရိုက်တာ Print ထုတ်တဲ့အခါ ဖောင့်ဆိုဒ် သေးနေသူများ

-   အရင်ဆုံး  Word ထဲဝင်  Font Dialog Box ခေါ်ပါ။ ( Ctrl + D ) ဖြင့်လည်း  Font Dialog Box ခေါ်နိုင်ပါသည်။

-   Font Dialog Box ထဲ ရောက်ပါက  Advanced  ထဲသွားပါ။ Word 2007  ဆိုရင်တော့  Character Spacing ထဲ သွားပါ။

-    Scale  မှာ   100%   ထား၍  Ok  နှိပ်ပါ။



-   စာရိုက်၍ Print ထုတ်နိုင်ပါပြီ။ အကယ်၍ စာရိုက်ပြီးသားဆိုပါက စာများကို Select all ထား၍ Font Dialog Box  ထဲက Character Spacing  မှာ   100%  ပြောင်း  Ok နှိပ် Print ထုတ်နိုင်ပါသည်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Sunday, February 4, 2018

31 Jan 2018 ထွက် Smadav Antivirus Full Version

 February 04, 2018     ကွန်ပျူ တာ ဆော့ဝဲလ်များ     No comments   


Smadav အသုံးပြုသူတွေအတွက်  ဖိုင်ဆိုဒ်သေးသေးလေးနဲ့ Virus ရန်ကာကွယ်ဖို့ ၂၀၁၈ ထွက် Smadav 11.8.2 လေးပါ။

လိုချင်သူများ အောက်က လင့်တွင် ဒေါင်းယူပါ။

Download   -     Smadav 11.8.2


Download  -      Smadav 11.8.2

လင့် အဆင်မပြေပါက ပြောခဲ့ပါ။ ဖိုင်ဆိုဒ်ကတော့ 1MB ကျော်လေးပါ။ Zip ချုပ်ထားပါသည်။

No Password
No ads

တိုက်ရိုက် လင့် Key မပါ။

Download   -    Smadav 11.8.2

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Friday, February 2, 2018

အင်္ဂလိပ် လက်ကွက်ကျင့်ဖို့ Kiran's Typing Tutor

 February 02, 2018     ကွန်ပျူ တာ ဆော့ဝဲလ်များ     No comments   


အခုမှ ကွန်ပျူတာ စတင်လေ့လာသူများ၊ လက်ကွက်လေးပြန်စမ်းချင်သူများအတွက် အင်္ဂလိပ် လက်ကွက်ကျင့်ရအောင် Kiran's Typing Tutor လေးပါ။

လိုချင်သူများ အောက်က လင့်တွင် ဒေါင်းယူပါ။ ဖိုင်ဆိုဒ်က 4MB ကျော်လေးပါ။

Download  -    Kiran's Typing Tutor


လင့် အဆင်မပြေပါက ပြောခဲ့ပါ။ Zip ချုပ်ထားပါသည်။

No Password
No ads

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Thursday, February 1, 2018

Window OS 32 bit နဲ့ 64 bit ရဲ့ ကွာခြားချက် ကောင်းကျိုးဆိုးကျိုးများ

 February 01, 2018     ကွန်ပျူ တာဆိုင်ရာ နည်းပညာ     No comments   


အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ကျွန်တော်တို့ ကွန်ပျူ တာအသုံးပြုနေတဲ့ သူတွေသိထားသင့်မယ် ထင်ပြီးတင်ပေးလိုက်ပါတယ်..
Microsoft Window OS 32 bit နဲ့ 64 bit တို့ ရဲ့ ကွာခြားချက်နဲ့ ကောင်းကျိုးဆိုးကျိုး..လေးတွေကို
မိတ်ဆွေ ညီအစ်ကိုတို့ ဗဟုတုတ တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်နော်....

တကယ်လို့ ကျွန်တော်တို့တွေဟာ လတ်တလော အခြေအနေမှာ ရှိနေတဲ့ operating system တွေရဲ့ 64-bit နဲ့ 32-bit အကြောင်းကို တိတိကျကျ သိရှိမထားလို့ သူတို့ ( ၂ ) ဦးမှာ ဘယ်ဟာက ဘယ်သူ့ထက်ပိုကောင်းသလဲ ဆိုတာ ခွဲခြားရခက်နေမယ့် အခြေအနေမျိုး ရှိနေပြီဆိုရင် ဒီ မရေရာနဲ့ အသိစိတ်နဲ့ အတူ တဆက်တစပ်တည်း ပူးတွဲခံစားလာရတဲ့ မေးခွန်းတစ်ခုက " 64-bit version Window ကို တကယ်ရော ကျွန်တော်တို့ အသုံးပြုသင့်ရဲ့လား ? " ဆိုတဲ့ မေးခွန်းပါ။

တကယ်လို့ အသုံးပြုသင့်ပြီ ဆိုရင်ရော " ဘာကြောင့် 64-bit version Window ကို အသုံးပြုသင့်တာလဲ ? " ။ ဒီမေးခွန်းတွေအတွက် သင့်တော်မယ့် အဖြေတစ်ခုဆီ ကျွန်တော်တို့ ချဉ်းကပ်ကြည့်ပါမယ်။

လတ်တလော အခြေအနေမှာ Users တွေ အတော်များများကတော့ operating system အတွက်ရွေးချယ်တဲ့ နေရာမှာ အရင်က အသုံးများခဲ့ကြတဲ့ 32-bit version ကိုကျော်လွန်ပြီး အခုဆိုရင် 64-bit version ကိုပဲ သူတို့ရဲ့ စက်တွေမှာ ထည့်သွင်းဖို့ ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် အတော်များများကတော့ 64-bit နဲ့ 32-bit နှစ်ခုမှာ သူတို့ ( ၂ ) ခုက ဘယ်လိုကွာခြားလဲဆိုတာ ခုချိန်ထိ ရေရေရာရာ မသိရှိကြသေးပါဘူး။
အဲ့ဒါကြောင့် ကျွန်တော်တို့တွေ ခုဒီ Thread မှာ တကယ်လို့ ကျွန်တော်တို့ရဲ့ OS အတွက် 64-bit version ကိုရွေးချယ်ခဲ့မယ် ဆိုရင် အဓိက အကျဆုံး အရေးကြီးဆုံး ဘယ်ကွာခြားချက်တွေ ကျွန်တော်တို့အတွက် ရရှိနိုင်မလဲ ဆိုတာ အလွယ်ကူဆုံးနားလည်နိုင်ဖို့ ကြိုးစားကြည့်ပါမယ်။

ဘယ်လို Version မျိုးများ ကျွန်တော်တို့ဆီမှာ ရှိနေပါသလဲ ?
===============================
ကျွန်တော်တို့ ကွန်ပြူတာမှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer Icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 နဲ့ Vista Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။
ဒီနေရာမှာ မဖြစ်မနေသိထားသင့်တာ တစ်ခုက ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ 64-bit operating system Run နိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ CPU ဟာ 64-bit ကို Support ဖြစ်ဖို့ လိုတယ်ဆိုတာပါ။ တကယ်လို့ ကျွန်တော်တို့တွေဟာ အရည်အသွေးမြင့်တဲ့ modern CPU တွေကို သုံးမယ် ဆိုရင်တော့ 64-bit operating system ကို Run နိုင်ဖို့ အတွက် အထူးအထွေ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ ဈေးနှုန်းချိုသာပြီး Quality ချထားတဲ့ ကွန်ပြူတာတွေမှာတော့ 64-bit ကို support မလုပ်တဲ့ processor တွေ ရှိနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။

32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ?
================================
ဘယ် 32-bit operating system မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို 4096MB ထိပဲ နောက်ဆုံး တိုးမြှင့်နိုင်ဖို့ ကန့်သတ်ထား ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အလွယ်ကူဆုံး ပြောရမယ် ဆိုရင်တော့ 32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်တိုး ပမာဏကို လက်မခံနိုင်တော့လို့ ပါပဲ။ နားလည်တတ်ကျွမ်းတဲ့ စာဖတ်သူတစ်ချို့ကတော့ ဒီနေရာမှာ PAE ( PAE ဆိုတာ processor technology တစ်ခု ဖြစ်ပြီး လက်ရှိသုံးနေတဲ့ OS မှာ Memory ကို အနည်းငယ် ထပ်မံတိုးမြှင့်ပြီး သုံးနိုင်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပညာကို ခေါ်ပါတယ်။
 ကို Support ပေးတဲ့ Modern Chips တွေကို ထောက်ပြပြီး စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း အဲလို သုံးမယ်ဆိုရင် ကျွန်တော်တို့ သုံးနေကျ applications တော်တော်များများကနေ အတည်မပြုကြသေးတဲ့ ရှာရခက်ခဲမယ့် special application support မျိုးတွေ အရေးတကြီး လိုအပ်လာမှာ ဖြစ်ပါတယ်။

 Windows, Linux နဲ့ Mac OS X တွေမှာ အသီးသီး မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။

32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တွေကြည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။

32-bit နှင့် အခြားသော ပြဿနာရပ်များ
=====================
32-bit မှာ Memory တိုးနိုင်ဖို့ ကန့်သတ်ချက် တစ်ခုတည်း ရှိတာတင် ပြဿနာ မဟုတ်ပါဘူး သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ အဲတာကတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာယူနိုင်တယ် ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် operating system ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်း လာနိုင်တယ် ဆိုတာပါပဲ။

ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ဥပမာပေးရရင် Windows ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Mark Russinovich က သူ့ရဲ့ 32-bit Windows မှာ RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားခဲ့ပေမယ့် သူ့ကွန်ပြူတာကို သူ ပြန်လေ့လာကြည့်တော့ OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ကျန်တော့တယ် ဆိုတာကို သူရှာဖွေသိရှိခဲ့ပါတယ်။
 ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ မိမိ operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system မှာ လျော့နည်းလာနိုင်မယ် ဆိုတဲ့ အချက်ပါပဲ။
64-bit က ဘာတွေများ ကွာခြားသလဲ ?
======================
32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။ အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင် ကျယ်ပြန့် လာဦးမှာပါ။

 ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS က သုံးရမယ့် memory space ကို ခိုးယူစရာ မလိုတော့ဘူးဆိုတဲ့ သဘောနဲ့ တူတူပါပဲ။ ဒီနေရာမှာ တစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများဆုံး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။

ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့် အသုံးချပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု များတဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

32-bit Applications များ 64-bit တွင် အလုပ်လုပ်ပါ သလား ?
================================
ကြီးမားတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ကတော့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ 32-bit applications တွေဟာ 64-bit Windows မှာလည်း အဆင်ပြေစွာနဲ့ ဆက်လက် ရှင်သန်နေဦးမယ် ဆိုတာပါ။ ဘာဖြစ်လို့လဲ ဆိုရင် 64-bit Windows မှာပါတဲ့ WoW64 လို့ ခေါ်တဲ့ compatibility layer ကနေပြီး ကျွန်တော်တို့ရဲ့ Processor ကို 32-bit ရှိရာဆီ နောက်ပြန်ဆွဲခေါ်သွားပြီး 32-bit နဲ့ 64-bit ကြားမှာ ဘယ်လိုအချိန်းအပြောင်း လုပ်ဆောင်ရမယ် ဆိုတာ သူက စီမံပေးနိုင်ပါတယ်။ ဒါကြောင့်မို့ လို့ 64-bit environment တွေမှာ 32-bit software တွေကိုလည်း ကျွန်တော်တို့ အဆင်ပြေပြေနဲ့ Run နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေရာမှာ တစ်ချို့ ချွင်းချက်လေးတွေတော့ ရှိနေပါသေးတယ်။ 32-bit device drivers တွေနဲ့ low-level system applications တွေဖြစ်တဲ့ Antivirus လိုမျိုး နောက်ပြီး တခြား Windows မှာရှိနေတဲ့ software မျိုးတွေ ၊ တစ်ချို့ media applications တွေကတော့ 64-bit နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာအတွက်ကတော့ ကျွန်တော်တို့ 64-bit version ကို မသုံးခင်မှာ ကျွန်တော်တို့ မဖြစ်မနေ အသုံးပြုရမယ့် favorite applications တွေကို ကျွန်တော်တို့ အသုံးပြုမယ့် 64-bit version မှာ အသုံးပြုလို့ ရမရ ဆိုတာ ကျွန်တော်တို့ ကြိုတင်စစ်ဆေးလေ့လာ ပြီးမှ အသုံးပြုသင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။

64-bit က RAM ကို နှစ်ဆ အသုံးပြုတယ်ဆိုတာ ဟုတ်ပါသလား ?
==============================
64-bit Windows တွေမှာ RAM တစ်ခုရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး လွဲမှားနေကြတဲ့ အခြေခံအယူအဆ တစ်ချို့ ရှိပါတယ်။ အဲတာကတော့ -
တစ်ချို့ကတော့ 64-bit Windows တွေဟာ 32-bit Windows တွေထက် နှစ်ဆလောက် ပိုမြန်တယ်လို့ ယူဆနေကြတဲ့ အချိန်မှာ တစ်ချို့ သူတွေက 64-bit Windows တွေဟာ RAM ကို နှစ်ဆတိုးပြီး အသုံးပြုတယ်လို့ယူဆနေကြ ပါတယ်။
ဒီယူဆချက်ကို အတွက် ရှင်းရရင် 64-bit Windows တွေဟာ extra memory ကို နဲနဲ ပိုယူတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုပိုယူတယ်ဆိုတာကလည်း များပြားလှတဲ့ RAM ပမာဏ အတွက် ညွှန်းဆိုနိုင်ဖို့ memory pointers က နဲနဲ ပိုယူထားတဲ့ သဘောပါပဲ .. နှစ်ဆလောက် သုံးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဘာနဲ့ သဘောတရားတူမလဲ ဆိုရင် ရှေးကျတဲ့ စာကြည့်တိုက် တစ်ချို့ဆီ ကျွန်တော်တို့ သွားကြည့်တဲ့ အခါ ( ကျွန်တော် ဌားရမ်းခဲ့ဖူးတဲ့ မြန်မာနိုင်ငံက စာကြည့်တိုက်တွေမှာတော့ ဤစနစ်မျိုး မကြုံခဲ့ဖူးပါ။ )

 library ထဲက ဘယ်နေရာတွေမှာ ဘယ်စာအုပ်တွေထားရှိတယ်ဆိုတာ ညွှန်းဆို ဖော်ပြတဲ့ ကဒ်တွေ ထည့်သွင်းထားတဲ့ ဖိုင်မျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ လက်ထဲမှာ အဲလိုကဒ်ပေါင်း တစ်ခုမက ရာနဲ့ ချီရှိနေလည်း library ဆိုတာကြီးက နှစ်ဆပိုကြီး မသွားဘူး မလား။ ကိုယ့်ဆီမှာ အဲလိုကဒ်ပေါင်း ရာနဲ့ ချီရှိနေရင် library ထဲက ဘယ်နေရာမှာ ဘယ်စာအုပ်ကို ဘယ်လို သွားရောက်ဖတ်ရှုလို့ ရပြီ ဆိုတာ အလွယ်တကူ ပိုပြီးတော့တောင် သိနိုင်ပါသေးတယ်။ ဆိုလိုတာက RAM ဆိုတဲ့ ကဒ် ပမာဏ များလာလို့ Extra memory ဆိုတဲ့ Library ကြီးက ၂ ဆတိုး ကြီးမသွားပါဘူး။ ကွန်ပြူတာ သဘောအရ extra memory ကို နဲနဲ ပိုယူတယ် ဆိုပေမယ့် အသုံးချဖို့ ပိုပြီး လွယ်ကူလာစေပါတယ်။ ဒီသဘောပါပဲ။

64-bit Windows တွေဟာ operating system အတွက် drive space ပမာဏ
 ပိုတိုးယူဖို့ လိုမယ် ဆိုတာရော ဖြစ်နိုင်ရဲ့လား။
========================================
အဲတာတော့ ဟုတ်ပါတယ်။ 64-bit Windows ရဲ့ လိုအပ်ချက်အရ သူ့ရဲ့ အခြေခံ OS လည်ပတ်နိုင်ဖို့ အတွက် GBs ပမာဏ အနည်းငယ် ထပ်မံတိုးမြှင့် အသုံးချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကာလတွေမှာ သိုလှောင်နိုင်စွမ်းပမာဏ အရမ်းများတဲ့ HD တွေ ရှိနေတာ မှန်ပေမယ့် မိမိလည်ပတ်နေရတဲ့ ဝင်ငွေပမာဏနဲ့ ချိန်ဆပြီး ဒီအကြောင်းအရာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

ဆိုတော့ ... အခြေခံအားဖြင့် 64-bit Windows နဲ့ 32-bit Windows နှစ်မျိုးမှာ
ကျွန်တော်တို့ ဘယ်ဟာကို သုံးသင့်ပါသလဲ ??
=========================================
တကယ်လို့ ကျွန်တော်တို့ဟာ PC အသစ် တစ်လုံးကို RAM 4GB နှင့်အထက် ကျော်လွန်ပြီး မှာယူမယ် နောက်ပြီး စက်မှာ video card ကောင်းကောင်းကိုလည်း ဆင်မယ်လို့ စိတ်ကူးထားမယ် ဆိုရင်တော့ စက်မှာ တပ်ဆင်ထားတဲ့ Memory ရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချခွင့် ရနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ Windows မှာ 64-bit version ကို အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။

ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ 64-bit မှာမှ Home versions ကို အသုံးပြုမယ် ဆိုရင် RAM ပမာဏကို 16GB ထိပဲ support ပေးမှာ ဖြစ်ပါတယ်။ ( အတော်များများ အတွက်တော့ 16GB ဆိုတာလည်း နဲတော့ မနဲလှပါဘူး။ )

Processor က 32-bit လား 64-bit လား ?
======================
လတ်တလော 32-bit ဆိုတာ သိထားရင် မိမိ Processor က 64-bit ကိုရော
Capable ဖြစ်သလား ဆိုတာ ဘယ်လို သိနိုင်မလဲ ??
ပထမမေးခွန်း အတွက် အကြောင်းအရာက ပြည့်စုံစေချင်လို့ ထည့်သွင်းလိုက်ပေမယ့် အတော်များများတော့ မိမိကွန်ပြူတာဟာ x86 (32-bit) လား x64 (64-bit) ဆိုတာ ခွဲခြားတဲ့နည်းကို သိကြပါတယ်။
Windows XP မှာတော့ တော်ယုံ ဘယ်သူမှ 64-bit ကို သုံးတာ သိပ်မတွေ့ရပါဘူး။ နောက်ပိုင်း Windows Vista ပေါ်လာတော့မှ drivers တွေ Compatibility ပြဿနာရပ်တွေနဲ့ အတူ 64-bit Processor ကို သတိပြုမိလာကြပြီး ခုနောက်ပိုင်း Windows 7 ခေတ်မှာတော့ လူအတော်များများ 64-bit processing ကို ကူးပြောင်းဖို့ စဉ်းစားနေကြပါပြီ။

တကယ်လို့ ကျွန်တော်တို့တွေဟာ Windows XP ကနေ Vista ကို ပဲ ဖြစ်ဖြစ် Windows XP ကနေ Windows 7 ကိုပဲ ဖြစ်ဖြစ် ကူးပြောင်းတော့မယ် လို့ ဆုံးဖြတ်မိတဲ့ အခါမှာ ကျွန်တော်ကတော့ 64-bit ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
ဘာကြောင့်လဲ ?
==========
ပထမဆုံး အနေနဲ့ 32 နဲ့ 64 ဆိုတဲ့ ဂဏန်းတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်တို့ တိတိကျကျ လေ့လာကြည့်ရအောင်။  ဒီ 32-bit နဲ့ 64-bit ဆိုတဲ့ ဂဏန်းတွေက Memory ( RAM ) နဲ့ Processor ကြားမှာ ရှိနေတဲ့ Data Bus Width ကို ကိုယ်စားပြုပါတယ်။

ဆိုလိုတာက ကျွန်တော်တို့ မြင်နေရတဲ့ အတိုင်း 64-bit ရဲ့ စွမ်းဆောင်ရည်ဟာ Data တွေကို Transfer လုပ်တဲ့ အခါမှာ 32-bit ထက် ၂ ဆလောက်နီးပါး စွမ်းဆောင်နိုင်ရည်ပိုရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ 32-bit Vista ဒါမှမဟုတ် တစ်ခြား ဘာပဲ သုံးသုံး ၊ Memory ကို ထပ်မြှင့်ချင်မယ် ဆိုရင် အများဆုံး 3 GB ထိ ( ကိုယ့်စက်မှာ 4 GB ရှိမယ် ဆိုရင်တောင် ) ပဲ တိုးမြှင့်လို့ ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာက အပေါ်မှာ ပြောခဲ့ပြီးသားပါ။

64-bit Windows တွေမှာတော့ Memory ကို 128 GB ထိ တိုးမြှင့်ပိုင်ခွင့်ရှိပါတယ်။ ( ခြွင်းချက်တွေတော့ ရှိပါတယ် အပေါ်မှာ ဖော်ပြပြီးသားမို့ မဖော်ပြတော့ပါ။ ) Standard Users တွေ Developers တွေ နောက်ပြီး Service providers တွေဆိုတာလည်း 64-bit processors တွေအတွက် drivers တွေနဲ့ တစ်ခြား support တွေကို ခုမျက်မှောက်ခေတ်မှာ ဦးစားပေးလုပ်ဆောင်လာကြပါပြီ။ ဒါကြောင့် 64-bit processor ဆိုတာ မရှေးမနှောင်းမှာ ပိုပြီး ကျယ်ပြန့် လာနိုင်စရာ အလားအလာ များစွာ ရှိနေပါတယ်။
ဒါကြောင့် လတ်တလောမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ Old Windows XP ဒါမှမဟုတ် Vista နဲ့ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ processor တွေဟာ 64-bit ကို capable ဖြစ်မဖြစ် ဘယ်လို ရှာဖွေသိရှိနိုင်ပါမလဲ ??
ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ 64-bit ကို capable ဖြစ်မဖြစ် သိရှိနိုင်မယ့် နည်းလမ်းပေါင်း မနည်း ရှိနေပါတယ်။

နည်းလမ်း ( ၁ ) - လွယ်ကူသော နည်းလမ်း။
=======================
Start > Computer ပေါ်တွင် Right-click > Properties . အဲ့နောက်မှာ Windows Experience Index ကို click ပေးပါ။ ခုလိုပုံ မြင်ရပါလိမ့်မယ်။
အဲကနေမှ တဆင့် View and Print detailed performance and system information
 ဆိုတာကို click ပေးပါ။
ဒီနေရာမှာ ကျွန်တော်တို့ စက်ရဲ့ လတ်တလော system type ကို မြင်ရပါပြီ။ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ 64-bit capable ကို Yes လို့ ပြထားတာ မြင်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ဟာ လတ်တလော အခြေအနေမှာ 64-bit ကို သုံးနေပြီးသား ဆိုရင်တော့ System type မှာပဲ 64-bit operating system ဆိုပြီး ဖော်ပြထားမှာ ဖြစ်ပြီး 64-bit ကို capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာတော့ ဖော်ပြထားပါရှိမှာ မဟုတ်ပါဘူး။
ဒီနည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် နောက်ထပ်နည်းတွေလည်း ကျန်ရှိပါသေးတယ်။

နည်းလမ်း ( ၂ ) - Regedit အား အသုံးပြုခြင်း။
========================
Start > regedit ကို ရိုက်ပြီး Registry Editor ကို သွားပါ။
HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0
ရှိရာဆီ တဆင့်ပြီး တဆင့် ဝင်ပါ။ ProcessorNameString ကျွန်တော်တို့ Processor ရဲ့ Name ကို မြင်နိုင်ပြီး Identifier မှာတော့ 64 ဆိုပြီး ပြနေရင် ဒါ 64-bit ကို Run နေတယ် တစ်နည်းအားဖြင့် ဆိုရရင် 64-bit capable ဆိုတာ သိသာပါပြီ။
ဒီနည်းက တကယ်လို့ လတ်တလော ကိုယ့်စက်မှာ 32-bit run နေတာ ဆိုရင်တော့ Identifier မှာ x86 Family ဘာညာ ဆိုပြီးပဲ ပြပါလိမ့်မယ်။ 64 ဆိုပြီး ပြမှာ မဟုတ်ပါဘူး။ ဒီနည်းက သိပ်အဆင်မပြေဘူး ထင်ပါတယ်။ နောက်တစ်နည်း ကို ဆက်သွားကြရအောင်။

နည်းလမ်း ( ၃ ) - MSINFO32 အား အသုံးပြုခြင်း။
===========================
ဒီနည်း အတွက်ကတော့ Start > msinfo32.exe ဆိုပြီး ရိုက်လိုက်ပါ။ System Information page ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ထဲက System Type ဆိုတာမှာ x64 ကို Run နေသလား x86 ကို Run နေသလား ဆိုတာ ဖော်ပြထားပါတယ်။ ဒီနည်းကလည်း အပေါ်မှာ ပြောခဲ့သလို မိမိစက်မှာ 32-bit လား 64-bit လား သေသေချာချာ ကွဲကွဲပြားပြား မသိသူတွေ အတွက် ကြည့်ရှုနိုင်ဖို့ပါ။
64-bit capable ဖြစ်မဖြစ်ဆိုတာ အတွက်တော့ အဆင်မပြေပြန်ပါဘူး။ အဲတာကြောင့် ကျွန်တော်တို့ နောက် တစ်နည်းကို ဆက်သွားကြည့်ပါဦးမယ်။

နည်းလမ်း ( ၄ ) CPUZ အား အသုံးပြုခြင်း
=======================
CPUZ ဆိုတာ ပေါ့ပါးတဲ့ utility တစ်ခု ဆိုပေမယ့် ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ CPU (Processor), Cache, Mainboard, Memory, SPD စတာတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။

CPU tab အောက်မှာ ရှိနေတဲ့ instruction ကနေ တဆင့် EM64T ဒါမှမဟုတ် AMD64 ဆိုတဲ့ စာလုံးတွေ ပါမပါရှာပါ့မယ်။ တကယ်လို့ ကျွန်တော်တို့ Processor က Intel Processor ဖြစ်မယ် ဆိုရင် EM64T လို့ ဖော်ပြပြီး AMD ဖြစ်မယ် ဆိုရင်တော့ AMD64 ဆိုပြီး ပြပါလိမ့်မယ်။ ဒီလိုပြထားတာ တွေ့ရင် ကျွန်တော်တို့ Processor က 64-bit ကို Capable ဖြစ်ပါပြီ။

Download CPU-Z version 1.54 with installer (setup)
ခု ကျွန်တော် ဆွေးနွေးခဲ့သလောက်ဆို 64 bits နဲ့ 32 bits OS တွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိပြီ ၊ ကွာခြားချက်တွေကိုလည်း သိနိုင်ပြီ။ ကိုယ့်ကွန်ပြူတာက CPU ဟာ 64-bit Capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာလည်း သိနိုင်ပြီ။ နောက်ဆုံး တစ်ခု စဉ်းစားဖို့ပဲ ကျန်ပါတော့တယ်။ ဒါကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

ကျွန်တော်တို့ရော 64-bit operating system ကို ကူးပြောင်းဖို့ သင့်ပြီလား ?
====================================
32-bit နဲ့ 64-bit OS တွေရဲ့ အကြောင်းကို ကျွန်တော်သိသလောက် ဆွေးနွေးချင်ပါတယ်.. 32-bit နဲ့ 64-bit တို့ရဲ့ ခြားနားချက်က ကွန်ပြူတာရဲ့ CPU (central processing unit) က သတင်းအချက်အလက် (information) တွေကို တွက်ချက်နိုင်တဲ့ပမာဏ (အလုပ်လုပ်နိုင်တဲ့ ပမာဏ) ခြားနားချက်ပဲ ဖြစ်ပါတယ်....

64-bit processor က တစ်ကြိမ် အလုပ်လုပ်ရင် 64 bit (2^64= 18,446,744,073,709,551,616) ပမာဏ data တွေကို အလုပ်လုပ်နိုင်ပြီးတော့ 32-bit processor ကတော့ 32 bit(2^32= 4,294,967,296 )ပမာဏ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်...

ဒါပေမယ့် 64-bit စနစ်က လုပ်ငန်းတိုင်းကို 32-bit ထက် ပိုအလုပ်လုပ်နိုင်တာမဟုတ်ပါ... ကျန်တဲ့ computer တစ်ခုလုံးရဲ့ အလုပ်လုပ်နိုင်တဲ့ speed တွေအပေါ်မှာလည်း မူတည်ပါတယ်.... (ဥပမာ CPU ရဲ့ speed ကဘယ်လောက်မြန်မြန် အလုပ်လုပ်နိုင်တယ်ပေါ့)...နောက်ပြီးတော့ အသုံးပြုတဲ့ application တွေရဲ့ designed ပေါ်မှာလည်း မူတည်ပါတယ်... အသုံးပြုတဲ့ application က 32-bit အတွက်ပဲ designed လုပ်ထားတယ်ဆိုရင် 64-bit မှာလည်း ပိုပြီး ထူးခြား မမြန်လာနိုင်ပါဘူး....

အခြေခံကျတဲ့ အချက်ကတော့ အချို့သော CPU ကို ခက်ခဲရှုပ်ထွေးစွာ အလုပ်လုပ်စေသော CAD(computer-aided design) ကဲ့သို့သော application တွေက 64-bit စနစ်အတွက် ပြုလုပ်ထားပြီး 32-bit ထက်ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်...

64-bit စနစ်က RAM (Random Access Memory) ကို 32-bit ထက်ပိုပြီး အသုံးပြုပါတယ်... 32-bit စနစ်မှာ RAM ကို 4 G အထိတပ်ဆင်နိုင်ပါတယ်(သို့သော် 4 G အပြည့်သုံး၍ မရပါ.. 3.4 G လောက်သာ အသုံးပြုနိုင်ပါတယ်..) 64-bit မှာတော့ RAM ကို များစွာ အသုံးပြုနိုင်ပါတယ်... (OS အလိုက် Version အလိုက် အများဆုံး အသုံးပြုနိုင်သော RAM ပမာဏ ကွာခြားပါသည်...ဒီနေရာ မှာ လေ့လာနိုင်ပါတယ်..) RAM ကို များစွာ အသုံးပြုနိုင်တဲ့အတွက် 64-bit က 32-bit ထက် ပိုမြန်မြန်အလုပ်လုပ်နိုင်ပါတယ်.။

64-bit ကို အသုံးပြုမယ်ဆိုရင်တော့ hardware တွေနဲ့ လိုက်ဖက်ဖို့ (compatible) ဖြစ်ဖို့လိုအပ်ပါတယ်... အလယ်လတ်တန်း နဲ့ အထက်တန်း computer တွေဟာ 64-bit အတွက် ကိုက်ညီကြပါတယ်... အကယ်၍ 64-bit ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ computer နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ပါတယ်....

windows 7 အတွက်ဆိုရင်တော့ Control Panel\All Control Panel Items\Performance Information and Tools ကိုသွားပါ View and print detailed performance and system information ကို click ပေးပြီးတော့ ရလာတဲ့ Text ဖိုင်ကို filename.html နာမည်နဲ့ html ဖိုင်အဖြစ် save လုပ်ပါ... အဲဒီ html ဖိုင်ကို ဖွင့်လိုက်ရင် System ရဲ့အောက်မှာ 64-bit capable ဆိုတာ ရှိပါတယ် Yes ဖြစ်နေရင်တော့ 64-bit ကို သုံးလို့ရပါတယ်...

Applications အများစုဟာ 32-bit အတွက် designed လုပ်ထားတာဖြစ်ပြီးတော့ 64-bit မှာလည်း အသုံးပြုနိုင်ပေမယ့် Anti-virus programs တော်တော်များများနဲ့ Hardware Driver တွေကတော့ သုံးလို့မရပါဘူး.... အဲဒါကြောင့် printer သို့မဟုတ် အခြားသော hardware တွေကို အသုံးပြုမယ်ဆိုရင် Drivers တွေကို 64-bit Drivers တွေသာ အသုံးပြုရမှာ ဖြစ်ပါတယ်...

Windows 7 (64-bit) မှာ အသုံးပြုနိုင်တဲ့ Anti-virus programs တွေကို ဒီမှာ သွားရောက်လေ့လာနိုင် သလို အသုံးပြုလိုတဲ့ Software နဲ့ Hardware တွေကိုလည်း Windows 7 Compatibility Center မှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ....ကျွန်တော်ကိုယ်တိုင်လည်း 64-bit ကို မသုံးဖူးသေးပါခင်ဗျာ... ဆွေးနွေးချက်တွင် လိုအပ်တာ များ ရှိခဲ့ရင် ဖြည့်စွက် ဆွေးနွေးပေးကြပါခင်ဗျာ…။

32-bit နှင့် 64-bit Operation Systems
by သီဟထွန်း

Source : http://www.myanmarfamily.org/forum/showthread.php?t=18742

 မူရင်းစာဖိုင်တင်ပေးသူ

ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Window Run Command များ

 February 01, 2018     ကွန်ပျူ တာဆိုင်ရာ နည်းပညာ     No comments   


[A]

Add/Remove Programs = appwiz.cpl
Administrative Tools = control admintools
Authorization Manager= azman.msc "New"

[C]

Calculator = calc
Certificate Manager = certmgr.msc
Character Map = charmap
Check Disk Utility = chkdsk
Control Panel = control "New"
Command Prompt = cmd.exe
Component Services = dcomcnfg
Computer Management = compmgmt.msc = CompMgmtLauncher "New"

[D]

Date and Time Properties = timedate.cpl
Downloads = Downloads "New"
Device Manager = devmgmt.msc
Direct X Troubleshooter = dxdiag
Disk Cleanup Utility = cleanmgr
Defragment User Interface = dfrgui "New"
Ditilizer Calibration Tool = tabcal "New"
Disk Management = diskmgmt.msc
Disk Parmelonion Manager = diskpart
Display Properties = control desktop or desk.cpl
DPI Scaling = dpiscaling "New"
Driver Package Installer = dpinst "New"
Driver Verifier Utility = verifier or /reset
DVD Player = dvdplay "New"

[E]

Encryption File System = rekeywiz "New"
Event Viewer = eventvwr.msc

[F]

Fax Cover Sheet Editor = fxscover "New"
File Signature Verification Tool = sigverif
Folders Properties = control folders
Fonts = control fonts
Free Cell Card Game = freecell

[G]

Game Controllers | joy.cpl
Group Policy Editor = gpedit.msc

[I]

Internet Explorer = iexplore
Iexpress Wizard = iexpress
Internet Properties = inetcpl.cpl
IP Configuration = ipconfig.exe
iSCSI Initiator = iscsicpl "New"

[K]

Keyboard Properties = control keyboard

[L]

Libraries = explorer or Windows key + E
Local Security Settings = secpol.msc
Local Users and Groups = lusrmgr.msc
Logs You Out Of Windows = logoff

[M]

Microsoft Support Diagnostic Tool = msdt "New"
Microsoft Paint = mspaint.exe
Mouse Properties = control mouse
Mouse Properties = main.cpl
Mobility Center (only on mobile) = mblctr or Windows key + X

[N]

Network Connections = control netconnections
Network Connections = ncpa.cpl
Notepad = notepad

[O]

ODBC Data Source Administrator = odbcad32 "New"
Optional Features Manager = optionalfeatures "New"
On Screen Keyboard = osk or Windows key + U

[P]

Package Installer = dpinst
Pen & Touch Options = tabletpc.cpl
People Near Me Identifier = collab.cpl
Performance Monitor = perfmon.msc
Phone and Modem Options = telephon.cpl
Power Configuration = powercfg.cpl
Printers and Faxes = control printers
Printer Migration = PrintBrmUi "New"
Private Character Editor = eudcedit
Problem Steps Recorder = psr.exe
Programs and Features = appwiz.cpl

[R]

Regional Settings = intl.cpl
Registry Editor = regedit.exe
Remote Assistance = msra "New"
Remote Desktop = mstsc
Resultant Set of Policy = rsop.msc

[S]

Scheduled Tasks = control schedtasks
Screen Resolution = desk.cpl
Security Center = wscui.cpl
Services = services.msc
Shared Folders/MMC = fsmgmt.msc
Shuts Down Windows = shutdown
Snipping Tool = snippingtool "New"
Sounds and Audio = mmsys.cpl
Sound Recorder = soundrecorder "New"
Sound Volume = sndvol "New"

Spider Solitare Card Game = spider
SQL Client Configuration = cliconfg
Stored User Names and Passwords = credwiz "New"
Sticky Note = StikyNot "New"
System Configuration Editor = sysedit
System Configuration Utility = msconfig
System File Checker Utility = sfc
System Information = msinfo32
System Properties = sysdm.cpl or Windows key + Pause/Break
System Restore = rstrui.exe

[T]

Task Manager = taskmgr
Trusted Platform Module = TpmInit "New"

[U]

Utility Manager = utilman
User Accounts = netplwiz or control userpasswords2

[W]

Windows Activation = slui "New"
Windows Backup Utility = sdclt "New"
Windows Fax and Scan = wfs "New
Windows Firewall = firewall.cpl
Windows Firewall with Advanced Security = wf.msc "New
Windows Image Acquisition = wiaacmgr "New"
Windows Media Player = wmplayer
Windows Magnifier = magnify
Windows Management Infrastructure = wmimgmt.msc
Windows Update App Manager = wuapp "New"
Windows Standalong Update Manager = wusa "New'
Windows System Security Tool = syskey
Windows Share Creation Wizard = shrpubw "New"
Wordpad = write

Credit: Original Aurthor

ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+

Window Activate လုပ်တဲ့အခါ The Certificate wasn't successfully installed. ဆိုတဲ့ Error လေး ပြတဲ့အခါ

 February 01, 2018     ကွန်ပျူ တာဆိုင်ရာ နည်းပညာ     No comments   


Window Activate လုပ်တဲ့အခါ The Certificate wasn't successfully installed. ဆိုတဲ့ Error လေး ပြတဲ့အခါ ဖြေရှင်းနည်းလေးပါ။

-  အရင်ဆုံး  Window Loader  လေးကို  Window အခန်းမှာ Copy ကူး ထည့်ထားပါ။

-   ပြီးရင်  Window + R   ဖြင့်   Run Box ခေါ်ပါ။

-   Run Box  မှာ   regedit   ဟု ရိုက်  Enter  ခေါက်ပါ။

-   HKEY_LOCAL_MACHINE   >>>    SOFTWARE  >>>    Microsoft    >>>     Windows Script Host   >>> Settings    ကို  နှိပ်ပါ။

-   ပြီးရင် တစ်ဖက်မှ  Enabled  ကို  နှစ်ချက်နှိပ်ပါ။

-   ကျလာသော  Box  မှ   Value  data  မှာ  1  ဟုရိုက်   Ok   နှိပ်ပါ။

-   အားလုံး ပြီးပါက   Window Loader  ကို ပြန် Run ပေးလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
ဆက်ဖတ်ရန်
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
Newer Posts Older Posts Home

သုံးလောကထွက်ထား သဗ္ဗေညု မြတ်စွာဘုရား


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ

ယနေ့ ဒေါ်လာပေါက်ဈေး

CKS Computer Knowledge Sharing

အချိန်ရှိခိုက် လုံ့လစိုက်

ကွန်ပျူတာ ဆော့ဝဲလ်များ

Printer Driver

Facebook Page

လူကြည့်အများဆုံး ပို့စ်များ

  • Driver Talent Pro V7.1.27.76 Full Version (2019)
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dri...
  • Driver Easy V5.6.12.37077 Full Version (2019)
    Windows တွေ တင်ပြီးတဲ့အခါ  လိုအပ်တဲ့  Graphic Driver, wifi, Bluetooth, USB, Network Driver   တွေ မောင်းပေးရပါတယ်။ လိုအပ်တဲ့  Driver  တွေ ...
  • Driver Talent Pro V7.1.30.2 Full Version
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dr...
  • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
    Windows iso ဖိုင်တွေ ဒေါင်းလာတယ်။ USB Device တို့ DVD  တို့နဲ့  Boot  တတ်မယ်ပေါ့။ Window iso ဖိုင်တွေကို ခွေပြန်ဘမ်းမယ်ပေါ့...

မင်္ဂလာပါ

CKS Computer Knowledge Sharing မှ              ကြိုဆိုပါ၏             စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ထာဝရ ပြည့်စုံနိုင်ပါစေ။

Followers

လာရောက်ကြည့်ရှု့သူများ

တင်ခဲ့ပြီးသော ပို့စ်များ

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ►  September (8)
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ▼  February (10)
      • Window 8 / 8.1 တွေမှာ Shutdown မချတတ်သူတွေအတွက် S...
      • Programming လေးတွေ လေ့လာ ရေးသားချင်သူများ
      • Service သမားများ လက်စွဲ Winaero Tweaker 0.7.0.2
      • Class not registered, ClassID: ( 9ba05972-f6a8-11c...
      • Microsoft Word မှာ ဖောင့်ဆိုဒ်ချိန်ပြီး စာရိုက်၍ P...
      • 31 Jan 2018 ထွက် Smadav Antivirus Full Version
      • အင်္ဂလိပ် လက်ကွက်ကျင့်ဖို့ Kiran's Typing Tutor
      • Window OS 32 bit နဲ့ 64 bit ရဲ့ ကွာခြားချက် ကောင...
      • Window Run Command များ
      • Window Activate လုပ်တဲ့အခါ The Certificate wasn't ...
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

ခေါင်းစဉ်အလိုက် ရှာဖွေရန်

  • Printer Driver မ်ား
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ

Blog Archive

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ►  September (8)
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ▼  February (10)
      • Window 8 / 8.1 တွေမှာ Shutdown မချတတ်သူတွေအတွက် S...
      • Programming လေးတွေ လေ့လာ ရေးသားချင်သူများ
      • Service သမားများ လက်စွဲ Winaero Tweaker 0.7.0.2
      • Class not registered, ClassID: ( 9ba05972-f6a8-11c...
      • Microsoft Word မှာ ဖောင့်ဆိုဒ်ချိန်ပြီး စာရိုက်၍ P...
      • 31 Jan 2018 ထွက် Smadav Antivirus Full Version
      • အင်္ဂလိပ် လက်ကွက်ကျင့်ဖို့ Kiran's Typing Tutor
      • Window OS 32 bit နဲ့ 64 bit ရဲ့ ကွာခြားချက် ကောင...
      • Window Run Command များ
      • Window Activate လုပ်တဲ့အခါ The Certificate wasn't ...
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

Labels

  • Burning Software
  • Canon Printer
  • Civil Engineer
  • Clean Software
  • Computer Games
  • Converter
  • Data Recovery
  • Dictionary Software
  • Download Software
  • Driver Download
  • Epson Printer
  • Fonts
  • Graphic Design
  • Office
  • POS Printer
  • Printer Driver များ
  • Reader Software
  • Resetter
  • Scan Driver
  • Simple Software
  • Typing Software
  • Video Editing
  • WebCam
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ
  • နည်းပညာ ဗဟုသုတ

About Me

  • Myo Thant
  • Myo Thant
  • မောင်မျိုးသန့် ( ကျောက်ဆည် )

Copyright ©
Design by Myo Thant