Intel ကုမ္ပဏီသည် Credit Card အရွယ်သာရှိပြီး အိတ်ကပ်အတွင်းသို့ ထည့်ယူသွားနိုင်မည့် ကွန်ပျူတာကို ဈေးကွက်တင်မည်ဟု သတင်း ထုတ်ပြန်သည်။
အဆိုပါ ကွန်ပျူတာကို Com-pute Card ဟု အမည်ပေး ထားကာ အရွယ်အစားမှာ အလျား ၃ ဒသမ ၇ လက်မ၊ အနံ ၂ ဒသမ ၂ လက်မနှင့် အထူ သုည ဒသမ ၂ လက်မသာ ရှိမည် ဖြစ်သည်။ ကွန်ပျူတာ အတွင်း၌ Intel ၏ သတ္တမမျိုးဆက် ဖြစ်သော Kaby Lake Processor ကို ထည့်သွင်း အသုံးပြုထားကာ ကြိုးမဲ့ဆက်သွယ်ရေး စနစ်များကိုပါ ထည့်သွင်း တည်ဆောက် ထားသည်။ Compute Card ကို ပိုမိုကြီးမားသည့် Device များနှင့် ချိတ်ဆက် အသုံးပြုရမည် ဖြစ်ကာ USB Port ဖြင့် ချိတ်ဆက်နိုင်မည် မဟုတ်ဘဲ ကြီးမားသည့် Port များဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ USB Port ဖြင့် ချိတ်ဆက်မှု မပြုလုပ်နိုင်ခြင်းမှာ Power ရရှိမှု လုံလောက်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်ဟု Intel က အတည်ပြု ထားသည်။ Compute Card ကို စမတ်စနစ်ဖြင့် တည်ဆောက်ထားသော ရုပ်မြင်သံကြားစက် ကဲ့သို့ Device များနှင့် ချိတ်ဆက် အသုံးပြုနိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်ကာ သွားလေရာသို့ မိမိ အသုံးပြုသည့် ကွန်ပျူတာကို အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် အခြေအနေမျိုး ပိုင်ဆိုင်စေရန် ရည်ရွယ် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Compute Card ကို ဈေးကွက် အတွင်းသို့ တိုက်ရိုက် ဖြန့်ချိမည် မဟုတ်ဘဲ ကွန်ပျူတာနှင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီကြီးများမှ တစ်ဆင့် ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
Credit >>> မြဝတီ
0 မှတ်ချက်:
Post a Comment