Wallpaper ပြောင်းနည်းကတော့ သိကြလိမ့်မယ် ထင်ပါတယ်။ မသိသေးသူများကတော့ Computer မျက်နှာပြင်မှာ Right Click နှိပ် Personalize ကို နှိပ် Aero Theme , Installed Theme မှာ စိတ်ကြိုက်ပြောင်းနိုင်ပါသည်။
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box မှာ C:\windows\globalization\mct ဟုရိုက် Enter ခေါက်ပါ။
- အဲဒီမှာ MCT-AU , MCT-CA , MCT-GB , MCT-US , MCT-ZA ဆိုတာ တွေ့ပါမယ်။ ( AU - သြစတေးလျ , CA - ကနေဒါ , GB - ဗြိတိန် , US - အမေရိကန် , ZA - တောင်အာဖရိက နိုင်ငံများ ) ကိုယ်စားပြုတဲ့ ပုံတွေ မြင်တွေ့ရမှာပါ။
- MCT-AU , MCT-CA , MCT-GB , MCT-US , MCT-ZA ရဲ့ အပေါ်က Search box မှာ *.theme ဟုရိုက် ပေါ်လာတဲ့ Theme တွေကို အကုန် Copy ယူပါ။
- ပြီးရင် Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box မှာ C:\windows\resources\themes ဟုရိုက် Enter ခေါက်ပါ။
- ပေါ်လာတဲ့ စာမျက်နှာမှာ ခဏက Copy ကူးလာတာကို Paste ချပါ။
- Personalize မှာ Wallpaper လေးတွေ ထပ်တိုးလာပါလိမ့်မယ်။
***************************************************
အရက်၊ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်။
***************************************************
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment