- Word >>> Insert >>> Page Number ကို နှိပ် ကြိုက်နှစ်သက်ရာ (Left, Center, Right ) ရွေးပါ။
- Page Number တပ်သွားပါက Home >>> Font ချိန်းပါ။ Win Font ရွေးပါ။ စမ်းထားသမျှတော့ Zawgyi တစ်ခုမရတာ တွေ့တယ်။
- Page Number လေးတွေ မြန်မာလို အော်တို တပ်သွားပါလိမ့်မယ်။
***********************************
Microsoft Word မှာ A4 ခေါက်ချိုး ချိုးချင်ပါက
- Page Layout >>> Page Setup Group ထဲ ဝင်ပါ။
- Page Setup Group ထဲ ရောက်ပါက Margins ထဲက Page အောက်က Multiple pages မှာ 2 pages per sheet ထားပါ။
- တရားစာအုပ်လို အသေးလေး လုပ်ချင်ပါက Multiples Pages မှာ Book Fold ထားပါ။ Sheets per booklet မှာ ( 4 / 8 / 12 / 16 ) ကြိုက်ရာရွေးပါ။
- စာမျက်နှာတပ်ရင် အပေါ်က အတိုင်းဆက်လုပ်ပါ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment