Print ထုတ်ဖို့ အမိန့်ပေးထားတာ များသွားတာ၊ တစ်ယောက်ယောက်က ကလိထားသွားတာ၊ တစ်ခြားတစ်ယောက်က လျှောက်ထုတ်ရင်း စာရွက်ရေ အမိန့်ပေးပြီး ပစ်ထားသွားရင်
- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။ Run Box မှာ control printers ဟုရိုက် OK ကို နှိပ်ပါ။
- မိမိ အသုံးပြုသော Printer ကို ရွေးပါ။ Copy 1 ဖြစ်ရင်လည်း ဖြစ်လိမ့်မယ်။ Copy 2 ဖြစ်ရင်လည်း ဖြစ်လိမ့်မယ်။ Printer နဲ့ Computer တိုက်ရိုက်မောင်းရင် Printer အမျိုးအစားပဲ ပေါ်ပါလိမ့်မယ်။ ( ကျွန်တော်ကတော့ လုပ်နည်းပြပေးတာမို့ အလွတ်မောင်းထားတာပါ။ Printer တော့ ချိတ်မထားပါဘူး )
- မိမိထုတ်နေတဲ့ စာရွက်တွေ မထုတ်ပဲ ထွက်နေတဲ့ Printer ပေါ် Right Click နှိပ်ပါ။ See what's printing ကို နှိပ်ပါ။ ( Printer ပေါ် Mouse ဖြင့် နှစ်ချက်နှိပ်ဝင်လည်း ရပါတယ်။ )
- ကိုယ်မထုတ်ပဲ ထွက်နေတဲ့ စာဖိုင်တွေ၊ အမိန့်ပေးထားတာ များသွားလို့ တောက်လျှောက် ထွက်နေတဲ့ စာဖိုင်တွေ အရင် Clean ရအောင်
- Printer အောက်က Cancel All Documents ကို နှိပ်ပါ။
- Yes ကို နှိပ်ပါ။
- စာများရှင်းသွားပါလိမ့်မယ်။
- Print ပြန်ထုတ်ကြည့်ပါ။ အဆင်ပြေပါစေ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး