- Microsoft Security Essentials ဖွင့်ရင် Home အောက်မှာ Quick , Full , Custom ရှိလိမ့်မယ်။ Quick ကတော့ Window အခန်းပဲ စစ်လိမ့်မယ်။ အမြန်စစ်တာပေါ့။ Quick ကို ရွေး Scan now ကို နှိပ်ပါ။
- Scan ဖတ်နေပါလိမ့်မယ်။ ခတ္တစောင့်ပါ။
- Virus မရှိပါက No threats လို့ ပြပါမယ်။
- Full Scan ကတော့ Window အခန်းရော၊ Data အခန်းရော တစ်ဖိုင်ချင်းစီ စစ်တာပါ။ Full ကိုရွေး Scan now ကို နှိပ်ပါ။
- Full Scan ကတော့ Data များရင် များသလို ကြာတတ်ပါတယ်။ စောင့်ပါ။
- Virus မရှိပါက No threats လို့ ပြပါမယ်။
- Custom ကတော့ မိမိစိတ်ကြိုက် Partition တစ်ခန်းချင်း၊ Partition ထဲရှိ ဖိုဒါ တစ်ဖိုဒါချင်း၊ တစ်ဖိုင်ချင်းစီ စစ်ပေးတာပါ။ Custom ကို ရွေး Scan now ကို နှိပ်ပါ။
- မိမိ စိတ်ကြိုက် Partition ကို ရွေး အမှန်ခြစ်ပါ။ Memory Stick တပ်ထားပါက Memory Stick ကို ရွေးပါ။ ဘေးက အပေါင်းလေး ဖြေချပြီး တစ်ဖိုဒါ ချင်း တစ်ဖိုင်ချင်း စစ်ဆေးရပါတယ်။ Ok ကို နှိပ်ပါ။
- ခတ္တစောင့်ပါ။ Data များရင် များသလို ကြာတတ်ပါတယ်။
- Virus မရှိပါက No threats လို့ ပြပါမယ်။
- Virus ရှိပါက Security Essentials detected ဆိုပြီး အကောင်ရေ ပေါ်ပါမယ်။ Clean Computer နှိပ် ရှင်းလင်းနိုင်ပါတယ်။ Virus တွေ များနေရင် Microsoft Security Essentials ကို Group Policy မှာ ပိတ်လို့ သွားဖွင့်ပေးလည်း ပြန်ပြီး ပိတ် ပိတ်သွားတတ်ပါတယ်။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment