Computer
- Laptop ( Notebook )
- Desktop Computer
ကွန်ပျူတာ Desktop တစ်လုံး ဆင်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေက
- Casing
- MotherBoard
- CPU
- RAM
- Hard Disk Drive (or) Solid State Drive
- Power Supply
- DVD Drive
- Moniter
- Keyboard, Mouse, Mouse Pad
- UPS
Graphic Card, Sound Card, Netword Card, USB Card, Printer, Scanner, Speaker စတဲ့ ထပ်တိုး လိုအပ်မည့် ပစ္စည်းတွေကတော့ လိုအပ်တဲ့အခါ တပ်ဆင်အသုံးပြုပါ။
Casing
Casing ဆိုတာကတော့ အထဲမှာ MotherBaord, Hard Disk စတဲ့ ပစ္စည်းတွေ မတပ်ရသေးတဲ့ ပုံးအခွံအလွတ်ကို Casing လို့ ခေါ်ပါတယ်။
MotherBoard တို့၊ Hard Disk တို့ တပ်ဆင်လိုက်တဲ့အခါ System Unit ဆိုပြီး Syetem ပုံးလို့ အလွယ်ခေါ်ကြတယ်။
MotherBoard
အိမ်တစ်အိမ်မှာ အမေက အဓိကလို Computer မှာလည်း MotherBoard က အစစအရာရာ ထောက်ပံ့ပေးလို့ အမေနဲ့ တင်စားထားတယ် ဆိုရမှာပဲ။
CPU တပ်ဖို့ Slot တွေ၊ RAM တပ်ဖို့ Slot တွေ၊ Hard Disk တွေ DVD Drive တွေ Data သွားဖို့ Slot တွေ၊ Moniter, Keyboard, Mouse တွေ တပ်ဆင်အသုံးပြုဖို့ Port တွေ စသဖြင့် MotherBoard က လုပ်ဆောင်ပေးတယ်။
CPU ( Central Processing Unit )
CPU ဆိုတာကတော့ ကျွန်တော်တို့ အမိန့်ပေး စေခိုင်းလိုက်တဲ့ အချက်အလက်တွေ တွက်ချက်အဖြေပြန်ထုတ်ပေးတယ်။ Computer က သိတာက 0 နဲ့ 1 ပဲ သိတာ မိမိက A လို့ ရိုက်တဲ့အခါ A လို့ပေါ်ဖို့အတွက် 0 နဲ့ 1 တွေကို တွက်ချက်ပြီး ကျွန်တော်တို့ ရိုက်တဲ့ A ဆိုတာကို A လို့ ပြန်ပြပေးတယ်။
RAM ( Random Access Memory )
ကွန်ပျူတာ ဖွင့်တဲ့အခါ မိမိတို့လုပ်နေသမျှကို ဖွင့်နေစဉ်မှာ ယာယီသိမ်းပေးတယ်။
HDD ( Hard Disk Drive )
ကွန်ပျူတာမှာ မိမိသိမ်းသမျှ Data တွေကတော့ Hard Disk ဆိုတဲ့ Stroage Unit မှာ သွားသိမ်းပါတယ်။ Word မှာ စာရိုက်တဲ့ အခါ မ Save ရသေးခင်မှာ RAM ပေါ်မှာ ယာယီသိမ်းပြီး အလုပ်လုပ်ပါတယ်။ Word မှာ စာရိုက်ပြီး File Name နဲ့ Save သိမ်းလိုက်တဲ့အခါ Hard Disk ထဲ သွားသိမ်းပါတယ်။
Power Supply
Power Supply ကတော့ Casing ထဲမှာ ပါတဲ့ MotherBoard, CPU, Hard Disk, DVD စတဲ့ လိုအပ်သည့် ပစ္စည်းတွေကို Power ကျွေးပါတယ်။
DVD Drive
DVD Drive ကတော့ ခွေတွေ ဖတ်ဖို့ ရေးဖို့ ပြုလုပ်တယ်။ DVD Drive မှာ Read & Write ပါတဲ့အခါ ခွေဖတ်သလို၊ ခွေအလွတ်မှာ စက်ထဲက Data များကို ခွေပြန်ဘမ်းနိုင်တယ်။
Moniter
ရုပ်မြင်ရဖို့အတွက် အသုံးပြုတဲ့ Moniter ပါပဲ။ System Unit က ပြုလုပ်သမျှ ရုပ်ထွက်ပေးတာပါ။ ကွန်ပျူတာ Window မတတ်တော့ဘူးဆိုရင် Moniter ကြီးကို သယ်လာကြတယ်။ Window တင်မလို့တဲ့ Moniter သယ်စရာမလိုပါဘူးဗျာ အောက်က System Unit လို့ ခေါ်တဲ့ System ပုံးကြီး သယ်လာရင် ရပါပြီ။
UPS ( Uninterruptable Power Supply )
မီးပျက်သွားတဲ့အခါ ကွန်ပျူတာကို ချက်ချင်းမပိတ်စေရန် လုပ်လက်စ အလုပ်ကလေး လက်စသတ် သိမ်းဆည်းနိုင်ရန် ခတ္တအသုံးပြုနိုင်အောင်၊ မီးအားအတတ်အကျ ထိန်းပေးနိုင်အောင် ကြားခံအသုံးပြုနိုင်သည်။
( ကွန်ပျူတာကြီး ပါဝါခလုတ် ထိုးပိတ်တဲ့အခါ Hard Disk တွေ ပျက်တတ်သလို၊ Window Error တွေ တတ်နိုင်တယ်။ မီးပျက်သွားလို့ UPS မခံတဲ့အခါ ကွန်ပျူတာက ချက်ချင်းပိတ်သွားလို့ Hard Disk တွေ ပျက်နိုင်တယ်။ )
တစ်ခုချင်းဆီရဲ့ အကျယ်ကိုတော့ နောက်ပို့စ်တွေမှာ ဆက်ဖတ်ပေးပါ။ ဘာအတွက် အသုံးပြုတယ် ဆိုတာ အစပထမ Computer Note ( 1 ) မို့ နားလည်အောင် အလွယ်ပြောရင်း နောက်ပို့စ်လေးတွေ ဆက်လက်ဖတ်ရှု့ပေးရင်း
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment