ကွန်ပျူတာ အသုံးပြုသူတိုင်း Player တွေထဲမှာတော့ VLC Media Player လေးကို မသိသူ မရှိသလောက်ပါပဲ။ ဒီတစ်ခါတော့ June 2019 မှာ ထွက်ရှိထားတဲ့ VLC Media Player V3.0.7.1 လေး တင်ပေးလိုက်ပါတယ်။
July 13 ထွက် V4.0.0 Beta လေးမှာတော့ နေ့ကြည့် ညကြည့် အလင်းအမှောင်ချိန်ကြည့်နိုင်သလို၊ ဒီဇိုင်းပိုင်းလေးတွေ ပြောင်းလဲလာတာ သိသာလာပါတယ်။ တရားဝင်ဆိုဒ်မှာတော့ အခုထိ VLC Media Player V3.0.7.1 အထိပဲ တင်ပေးထားပါသေးတယ်။
မြန်မာစာတန်း ပြန်ထိုးသူများအတွက်ပါ Videos နဲ့ .srt ဖိုင်တွဲပြီး Convert လုပ်လို့ရမယ်။
Youtube တို့လိုမျိုးစတဲ့ Videos Link တွေ VLC နဲ့ ချိတ်ကြည့်လို့ရမယ်။
Videos ထဲ မိမိနှစ်သက်ရာ နေရာ SnapShot ရိုက်လို့ရမယ်။
စတဲ့ စတဲ့ Feature အစုံအလင်နဲ့အတူ လိုအပ်သူများ အောက်က လင့်တွင် ဒေါင်းယူနိုင်ပါတယ်။ Windows ( 32bit, 64bit ) နှစ်မျိုးလုံး Setup File ထည့်သွင်းပေးထားပါတယ်။
Download - VLC Media Player V3.0.7.1
File Name - VLC Media Player V3.0.7.1
File Type - 7z
File Size - 80MB
No Password
No ads
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment