ပုံအခွံ့ကြီးကို Casing လို့ ခေါ်ပြီး Motherboard, Hard Disk, CPU, RAM စတဲ့ ပစ္စည်းတွေ တပ်ဆင်လိုက်တဲ့အခါ System Unit လို့ခေါ်တဲ့ System ပုံးကြီးလို့ ခေါ်ကြတယ်။
Power Supply က
- CPU
- Motherboard
- Hard Disk (or) SSD
- DVD Drive
- Cooling Fan တပ်ဆင်တဲ့အခါ Cooling Fan အားကျွေးရတယ်။
24 Pin ( Motherboard အားကျွေးဖို့အတွက် အသုံးပြုတယ်။ )
Power Supply မှာ Main Power Connector ဖြစ်တဲ့ 24 Pin က Motherboard ကို အားကျွေးတယ်။ တစ်ချို့သော Motherboard တွေက 20 Pin ပဲ ပါပါတယ်။ 24 Pin က 4 Pin လေးဖြုတ် Motherboard ကို အားကျွေးပါတယ်။
20 Pin ( အရင်တုန်းက Motherboard တွေက 20 Pin နဲ့ အားကျွေးရပါတယ်။ 24 Pin ကို ပုံထဲကအတိုင်း ခွာထုတ်ပြီး တပ်ဆင်ပါ။ )
Power Supply က ထွက်တဲ့ 24Pin ကို MotherBoard က 20Pin ပဲ ပါတဲ့အတွက် 4Pin ခွာပြီး တပ်ဆင်ထားပုံ
နောက်ထပ် 4 Pin ကတော့ CPU ကို အားကျွေးပါတယ်။ Power Supply က ထွက်လာတဲ့ Motherboard မှာ တပ်ဆင်အသုံးပြုတဲ့ Power Cable ကတော့ 24 Pin နဲ့ 4 Pin ပါပဲ။ Motherboard ကို အဲဒီ Power Cable နှစ်မျိုးပဲ တပ်ဆင်ကြတယ်။
4 Pin ( CPU ကို အားကျွေးပါတယ်။ )
Power Supply မှ ATX 12V 4Pin ဖြင့် CPU အား Power ပေးပုံ
နောက် Window တို့၊ Data တွေ သိမ်းဆည်းတဲ့ Hard Disk ကို အားကျွေးဖို့က ကိုယ့် Hard Disk က SATA လား။ IDE လား အရင်ကြည့်ပါ။ အရင်တုန်းက Hard Disk တွေက IDE နဲ့ လာကြတယ်။ အခုနောက်ပိုင်း SATA ပြောင်းလဲ အသုံးပြုလာကြတယ်။ SATA Hard Disk ဆို Power ကို SATA Power Cabe တပ်ပါ။ IDE ဆိုရင် IDE Power Cable တပ်ဆင်ပါ။ SATA လား IDE လား အောက်က ပုံလေးတွေ ကြည့် ခွဲခြားကြည့်ပါ။
( SATA Hard Disk, SATA DVD Drive တွေကို Power ကျွေးတဲ့ SATA Power Cable ) Power Supply မှာ ပါပြီးသားပါ။
( IDE Hard Disk, IDE DVD Drive တွေမှာ Power ကျွေးတဲ့ IDE Power Cable ပါ။ )
IDE Power Cable ပုံလေးတွေပါ။ Power Supply က ထွက်လာတဲ့အခါ အဲဒီပုံလေးတွေမြင်ရင် IDE Power Cable လို့ မှတ်ပါ။
ပုံကတော့ အင်တာနက်က ရှာထားတဲ့အတွက် Power Supply ကထွက်တဲ့ ကြိုးတွေနဲ့တော့ မတူတဲ့အခါ နားလည်ပေးပါ။
SATA Hard Disk ကို Power Supply မှ Power ပေးပုံ
IDE Hard Disk ကို Power Supply မှ Power ပေးပုံ
DVD Drive တို့၊ Hard Disk တို့ Power ပေးပြီးပါက DVD Drive တို့၊ Hard Disk တို့ထဲက Data အသွင်းအထုတ်လုပ်ဖို့ Data Cable ကို MotherBoard နဲ့ ချိတ်ဆက်တပ်ဆင်ပါ။
Data SATA
SATA Hard Disk တွေ၊ SATA DVD Drive တွေ Data အသွင်းအထုတ် သိမ်းဆည်းဖို့ အသုံးပြုတဲ့ SATA Data Cable ပါ။
ကျောက်ဆည်သားလေး
အဆင်ပြေပါစေ
0 မှတ်ချက်:
Post a Comment