အရင်က Windows 10 ကို UEFI Boot နဲ့ တင်ထားတယ် Windows ပြန်တင်တဲ့အခါ Legacy Boot နဲ့ တတ်မိလျှင် Windows Partition ဖျက်ပြီး အသစ်ပြန်ပိုင်းတဲ့အခါ Partition ပိုင်းမရဖြစ်နေသူများ၊ အရင်က Windows ကို ဘယ် Boot နဲ့ တင်ထားလဲ ကြည့်ရအောင် ဒါမှ First Boot ရွေးတဲ့အခါ Legacy လား UEFI လား အလွယ်တကူ ရွေးချယ်တင်နိုင်အောင်ပါ။
စစ်ဆေးနည်း ( ၁ )
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် msinfo32 ဟု ရိုက်စစ်ပါ။
BIOS Mode မှာ Legacy ဟု ပြနေပါက Legacy Boot ပါ။
BIOS Mode မှာ UEFI ဟု ပြနေပါက UEFI Boot ပါ။
စစ်ဆေးနည်း ( ၂ )
Windows + R ဖြင့် Run Box ခေါ်ပါ။ Run Box တွင် diskmgmt.msc ဟုရိုက်ပါ။
Disk 0 မှာ UEFI နဲ့ တင်ထားလျှင် EFI ဟု ပြပါလိမ့်မယ်။
စစ်ဆေးနည်း ( ၃ )
cmd ကို Run as administrator နဲ့ ဖွင့်ပါ။ cmd တွင် bcdedit | find "path" ဟု ရိုက် Enter ခေါက်ပါ။
path မှာ windows\system32\winload.exe ဆိုရင် Legacy ပါ။
path မှာ windows\system32\winload.efi ဆိုရင် UEFI နဲ့ တင်ထားတာပါ။
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment