Pagemaker နဲ့ စာစီစာရိုက်လုပ်တဲ့အခါ စာတွေကို ညှိမည်ဆိုရင် Ctrl + Shift + J စသဖြင့် Ctrl + Shift နဲ့ တွဲသုံးတဲ့အခါ Shortcut က အလုပ်မလုပ်ဘူး။ Ctrl + Shift + J နှိပ်တဲ့အခါ Shift က အလုပ်မလုပ်တော့ Ctrl + J ပဲ Command မိတဲ့အခါ Color Box က ပျောက်သွားပါလိမ့်မယ်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့က Word, Excel, PowerPoint တွေမှာ ပြည်ထောင်စုဖောင့် အသုံးပြုချင်တော့ Keymagic ထည့်တဲ့အခါ Pagemaker မှာ Error တတ်သွားတာပါ။ Pagemaker အသုံးပြုမည်ဆိုရင် Keymagic လေး ပိတ်သုံးပါ။ အဆင်ပြေပါလိမ့်မယ်။
Keymagic ပိတ်မသုံးချင်ရင် Keymagic ကို Keyboard အပြောင်းအလဲ လုပ်ဖို့အတွက် Shortcut ပြောင်းသုံးရပါလိမ့်မယ်။ Keymagic ဆော့ဝဲလ်ထဲဝင်ပါ။ Options >>> Hotkeys ကိုနှိပ်ပါ။ Shift + Ctrl မသုံးပဲ Ctrl + Space ဒါမှမဟုတ် Windows + Space ပြောင်းသုံးနိုင်ပါတယ်။
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment