
  • Home
  • Computer Software
  • Computer Technology
  • Printer Driver
  • Technology Books
  • တရားတော်များ

Thursday, September 27, 2018

ကွန်ပျူတာ ဆော့ဝဲလ်သူဋ္ဌေးကြီး Bill Gates

 September 27, 2018     ထင်ရှားကျော်ကြားသူများ     No comments   


အမည်   -   Bill Gates
မွေးနေ့   - ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်
မွေးရပ်မြေ  -   အမေရိကန်နိုင်ငံ

ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊
အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။
သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို ဆက်ကြည့်လိုက်လျှင် လနှင့်
ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု ဆိုပါသည်။
သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန် ငွေစက္ကုတစ်ရွတ်ကျနေမည်
ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု ဆိုကြပြန်ပါသည်။
သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာညောင်းမည်
ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ ရှိနေတော့
တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊
ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ အဖြစ်
ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။

ဘီလ်ကိတ်ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေက
ရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မ နှစ်ယောက်ရှိပါသတဲ့ ။
၁၉၇၃ ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆
ခုနှစ်ထဲက စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊
သို့သော်လည်း သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ
တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။၁၉၇၅ နှစ်ကိုရောက်တော့
ကမ္ဘာကျော် မိုက်ခရိုဆော့ (Micro Soft) ကွန်ပြူတာကုမ္ပဏီကို
တည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBM
ကွန်ပြူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman
ဘီလ်ကိတ်။ ဘီလ်ကိတ် အမေ ကျောင်းဆရာမက သူ့သား ဘီလ်ကိတ်အား ငယ်ငယ်လေးထဲက
ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့ ………
အမေ့စကားကြောင့်လားတော့မသိ ဘီလ်ကိတ်တို့ ဇနီးမောင်နှံက ၂၀၀၀
ပြည့်နှစ်တွင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda
Gates Foundation ။ မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄
ကိုရောက်လာတော့ ပရဟိတ ကို စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ
မိုက်ခရိုဆော့ ကုမ္ပဏီကနေ အလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈
ရက်နေ့တွင်တော့ တကယ့်ကိုပဲ မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။
သို့သော် Non- Executive Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက်
ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့ သူသဘောတူခဲ့သည်။ အဓိက ဘ၀ အစိတ်အပိုင်းကတော့
ပရဟိတ လုပ်ငန်းတွေထဲမှာ နှစ်မြှုတ်ဖို့။ ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ
Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။
သူက ပိုင်ဆိုင်ထားသော ဒေါ်လာ ၅၈ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။
သူ၏ သား နဲ့ သမီးကိုပင် အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍
လုံလောက်ပါပြီတဲ့။ဘီလ်ကိတ်က ဌက်ဖျား နဲ့ AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ
သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDS ကာကွယ်ဆေးထုတ်ဖို့ ၊
ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊ ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး
စသည်..စသည်များ အတွက် ။ ဒါ့အပြင်လောလောဆယ် ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နဲ့ ၃
ရက်နေ့များက တိုက်ခတ်သွားခဲ့သော နာဂစ်မုန်တိုင်းလွန် သောကတွေ
၊မျက်ရည်စက်တွေ၊ ခြေလွတ်လက်လွတ်ဘ၀များစွာအတွက် ဒေါ်လာ ၃သန်း ပေးလှူထားသည့်
ဘီလ်ကိတ်။ တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့် ထူထူထဲထဲ
ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာ
ပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ
မဟာဒုလ္လဘတရား၊။ အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော
ကမ္ဘာ့သားများအတွက်တဲ့ ။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက်
ဘီလ်ကိတ်၏ လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ
ဖြစ်ပါသည် ………

from Ko Sithu Latt (facebook)

Computer တွေပြောတဲ့ Bill Gates အကြောင်း
================================
Bill Gates ဟုဆိုလိုက်သည်နှင့် Microsoft ကို တည်ထောင်သူ၊ မယ်လင်ဒါအင်ဂိတ် ဖောင်ဒေးရှင်းကို တည်ထောင်သူ၊ နိုင်ငံတကာမှာ ကလေးတိုင်း သူ့ကျေးဇူးမကင်းဟု
ဆိုရလောက်အောင် အလှူဒါန ရက်ရောသူ၊ အချမ်းသာဆုံးသူဌေးကြီးအဖြစ်
မြင်နိုင်ကြမည် ထင်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဖြစ် နှစ်ပေါင်းများစွာ
ရပ်တည်နိုင်ခဲ့သူ ဘီဂိတ်သည် တကယ့်ကို စံပြ ပညာတတ်လုပ်ငန်းရှင်တဦး ဖြစ်သည်။
နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာတတ်တို့အကြား
ခွဲခြားထားခဲ့သည့် တံတိုင်းကို ဖြိုဖျက်နိုင်ခဲ့သူ ဖြစ်သည်။ ဘီဂိတ်က
ဒေးဗို့စ်တွင် ကျင်းပလေ့ရှိသော အီကိုနောမစ် ဖိုရမ်တွင် Creative Capitalism
ဆိုသော စကားလုံးတစ်လုံကို ပြောသွားသည်။ ဘီဂိတ် ဆိုလိုသည်က အမြတ်လည်းရအောင်
လုပ်၊ ကမ္ဘာကြီးရဲ့ မညီမျှမှုတွေကိုလည်း ဖြေရှင်းဟု ဆိုလိုသည်။

နတ်လူသာဓုခေါ်စရာ အတွေးအမြင်ဖြစ်သည်။ အမြတ်လည်းရှာ ဆင်းရဲချမ်းသာ
ကွဟမှုတွေကိုလည်း ဖြေရှင်းဆိုတော့ ဆင်းရဲသားတွေကို ကူညီဖို့ ပြောခြင်းဟု
အဓိပ္ပါယ်ရပါသည်။ အဆိုပါ အိုင်ဒီယာအတိုင်းပင် မိုက်ကရိုဆော့ဖ်မှ
ကျင့်သုံးသည်။ မယ်လင်ဒါအင် ဂိတ် ဖောင်ဒေးရှင်းမှာ အချိန်ပြည့်တာဝန်ယူပြီး
ကမ္ဘာ့လူမှုရေး ကူညီမှုတွေ လုပ်လာသည်။ မိုက်ကရိုဆော့က ရလာသည့်
ဒေါ်လာကုဋေချီနေသော အမြတ်ငွေများကို ပရဟိတ လုပ်ငန်းများတွင်
ပြန်လည်အသုံးချသည်။ ဒါက ဘီဂိတ်ပြောသည့် Creative Capitalism။

သူသည် DOS
ကိုတီထွင်သည်။ စီးပွားရေးအမြတ်အစွန်း အတွက်လည်း ရောင်းသည်။
လုပ်ငန်းပုံစံကိုလည်း ရအောင် အကောင်အထည် ဖော်လာသည်။ ပညာတတ်
စီမံခန့်ခွဲရေးသမား၊ နောက်တော့ ပညာဖြင့် စီမံခန့်ခွဲရေးဆိုတာ ဖြစ်လာသည်။
ဒါပေမယ့် တီထွင်ဖန်တီးမှုကို DOS မှာတင် ရပ်မနေပဲ။ Windows ကို ဆက်သွားသည်။
Windows ကိုလည်း ဗားရှင်းအဆင့်ဆင့် ထုတ်သည်။ တီထွင်ဖန်တီးမှုလည်းရှိသည်။
Bill Gates ၏ အကြောင်းတွေကို ကွန်ပျူတာတွေက တွက်ချက်ပြောပြကြသည်မှာ ...

* Bill Gates သည် တစက္ကန့်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ဝင်ငွေရှိသူဖြစ်သည်။ တစ်နေ့မှာ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိသူဖြစ်ပြီး တနည်းအားဖြင့် တနှစ်လျင် အမေရိကန်ဒေါ်လာ ၇
ဒသမ ၈ ဘီလီယံထိ ဝင်ငွေရှိသူဖြစ်ပါသည်။

* Bill Gates သည် သူ၏လက်မှ ၁၀၀၀တန် ဒေါ်လာတစ်ရွက် လွှတ်ကျခဲ့မည်ဆိုပါက ပြန်လှည့်ကောက်ရန်ပင် စိတ်ကူးမိမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော်
ကောက်ယူရန်ပြန်လှည့်လာသည့်အချိန်အတွင်းမှာပင် သူ၏ဝင်ငွေမှာ ဒေါ်လာ ၁၀၀၀ ပြန်ပြည့်သွားပြီဖြစ်သည်။

* အမေရိကန်နိုင်ငံ၏ အမျိုးသားကြွေးမြီစုစုပေါင်းမှာ ၅ ဒသမ ၆၂ ထရီလျံ ရှိပါသည်။ အကယ်၍ Bill Gates တစ်ဦးတည်းကသာ ၎င်းကြွေးမြီကို
ဆပ်ပေးသွားမည်ဆိုလျင်ပင် ၁၀ နှစ်အတွင် အကြွေးကျေသွားနိုင်မည်ဖြစ်ပါသည်။

* ကမ္ဘာပေါ်တွင် ရှိရှိသမျှလူသားတိုင်းအား တစ်ဦးလျင် အမေရိကန် ၁၅ ဒေါ်လာစီ ပေးဝေခဲ့ပါက ၎င်းထံတွင် ကိုယ်ပိုင်ငွေ ဒေါ်လာ ၅ သန်းကျော် ကျန်ရှိနေဦးမည်ဖြစ်သည်။

* အမေရိကန်မှ ဝင်ငွေအကောင်းဆုံး အားကစားသမား တဦးဖြစ်သူ ကမ္ဘာကျော် ဘတ်စ်ကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်သည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဝင်ငွေရှိသူဖြစ်သည်။ သူ၏ နှစ်စဉ်ဝင်ငွေအား
မစားမသောက်ပဲ စုထားမည်ဆိုလျင်တောင် ၂၂၇ နှစ်အကြာမှ Bill Gates ၏ပိုင်ဆိုင်မှုဓနကိုမှီနိုင်မည်ဖြစ်သည်။

* အကယ်၍ Bill Gates အား နိုင်ငံတစ်နိုင်ငံအဖြစ်ရှုမြင်ကြည့်ပါက ၂၇ နိုင်ငံမြောက် အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ ကုမ္ပဏီတစ်ခုအဖြစ်ကြည့်ပါက အမေရိကန်တွင် ၁၃ ခုမြောက် ဓနအတောင့်ဆုံးကုမ္ပဏီဖြစ်သည်။ ဤသို့ဆိုလျင် IBM ကုမ္ပဏီထက်ပင်ပိုမိုကြီးမားနေသေးသည်။

* Bill Gates ၏ ပိုင်ဆိုင်သော ငွေကြေးဓနကို တစ်ဒေါ်လာတန်များအဖြစ် လဲလည်၍ အရှည်လိုက် သွယ်တန်းမည်ဆိုပါက ကမ္ဘာမြေပြင်မှ လပေါ်သို့ အသွားအပြန် ၁၄
ခေါက်စာရှိမည်ဖြစ်သည်။ ဤသို့သွယ်တန်းနိုင်ရန် မရပ်မနားလုပ်ဆောင်ပါက
နှစ်ပေါင်း ၁၄၀၀ ကြာနိုင်ပြီး ဘိုးရင်း 747 လေယာဉ်အစီးပေါင်း ၇၁၃
စီးအသုံးပြုသယ်ဆောင်ရပေမည်။

* Bill Gates ယခုအခါ အသက် ၄၀ ကျော်သာရှိသေးသည်။ ၎င်းကို သူ၏ အသက်ထက်ဝက်ဟု သတ်မှတ်လျင် လက်ရှိအချိန်မှစ၍ ကွယ်လွန်ချိန်ထိ တစ်နေ့လျင် အမေရိကန်ဒေါ်လာ ၆ သန်းကျော်
သုံးစွဲသွားပါမှ သူ၏ချမ်းသာမှု ဓနအင်အား ကုန်နိုင်မည်ဖြစ်သည်။

* သို့ရာတွင် Bill Gates တီထွင်ခဲ့သော Microsoft Window သုံးစွဲသူတိုင်းက သူတို့၏ ကွန်ပျူတာ တစ်ခါ Hang သွားတိုင်း Bill Gates ထံမှ တစ်ဒေါ်လာစီ
လျော်ကြေးတောင်းခံခဲ့မည်ဆိုပါက သူ၏ပိုင်ဆိုင်မှုများအားလုံး သုံးနှစ်အတွင်း
ဒေ၀ါလီခံသွားရဖွယ် ရှိပါသည်။

Credit   >>>  Original Uploader
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 မှတ်ချက်:

Post a Comment

သုံးလောကထွက်ထား သဗ္ဗေညု မြတ်စွာဘုရား


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ

ယနေ့ ဒေါ်လာပေါက်ဈေး

CKS Computer Knowledge Sharing

အချိန်ရှိခိုက် လုံ့လစိုက်

ကွန်ပျူတာ ဆော့ဝဲလ်များ

Printer Driver

Facebook Page

လူကြည့်အများဆုံး ပို့စ်များ

  • Driver Talent Pro V7.1.27.76 Full Version (2019)
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dri...
  • USB Disk Security V6.5.0.0 Full Version
    ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲလ်လေးတွေ  Anti-Virus, CCleaner, USB Disk Security  လေးတွေ ရှိနေရင် ကွန်ပျူတာ တစ်လုံးဟာ Vir...
  • Driver Easy V5.6.12.37077 Full Version (2019)
    Windows တွေ တင်ပြီးတဲ့အခါ  လိုအပ်တဲ့  Graphic Driver, wifi, Bluetooth, USB, Network Driver   တွေ မောင်းပေးရပါတယ်။ လိုအပ်တဲ့  Driver  တွေ ...
  • Driver Talent Pro V7.1.30.2 Full Version
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dr...
  • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
    Windows iso ဖိုင်တွေ ဒေါင်းလာတယ်။ USB Device တို့ DVD  တို့နဲ့  Boot  တတ်မယ်ပေါ့။ Window iso ဖိုင်တွေကို ခွေပြန်ဘမ်းမယ်ပေါ့...

မင်္ဂလာပါ

CKS Computer Knowledge Sharing မှ              ကြိုဆိုပါ၏             စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ထာဝရ ပြည့်စုံနိုင်ပါစေ။

Followers

လာရောက်ကြည့်ရှု့သူများ

တင်ခဲ့ပြီးသော ပို့စ်များ

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ▼  September (8)
      • Mozilla Firefox Browser မှာ မြန်မာစာ မမှန်သူများ
      • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
      • Unicode Font Converter V1.0
      • Adobe PageMaker 7.0
      • ပန်းသီး ပိုင်ရှင် Steve Job
      • Linux OS ပိုင်ရှင် Linus Benedict Torvalds
      • ကွန်ပျူတာ ဆော့ဝဲလ်သူဋ္ဌေးကြီး Bill Gates
      • Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ►  February (10)
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

ခေါင်းစဉ်အလိုက် ရှာဖွေရန်

  • Printer Driver မ်ား
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ

Blog Archive

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ▼  September (8)
      • Mozilla Firefox Browser မှာ မြန်မာစာ မမှန်သူများ
      • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
      • Unicode Font Converter V1.0
      • Adobe PageMaker 7.0
      • ပန်းသီး ပိုင်ရှင် Steve Job
      • Linux OS ပိုင်ရှင် Linus Benedict Torvalds
      • ကွန်ပျူတာ ဆော့ဝဲလ်သူဋ္ဌေးကြီး Bill Gates
      • Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ►  February (10)
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

Labels

  • Burning Software
  • Canon Printer
  • Civil Engineer
  • Clean Software
  • Computer Games
  • Converter
  • Data Recovery
  • Dictionary Software
  • Download Software
  • Driver Download
  • Epson Printer
  • Fonts
  • Graphic Design
  • Office
  • POS Printer
  • Printer Driver များ
  • Reader Software
  • Resetter
  • Scan Driver
  • Simple Software
  • Typing Software
  • Video Editing
  • WebCam
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ
  • နည်းပညာ ဗဟုသုတ

About Me

  • Myo Thant
  • Myo Thant
  • မောင်မျိုးသန့် ( ကျောက်ဆည် )

Copyright ©
Design by Myo Thant