
  • Home
  • Computer Software
  • Computer Technology
  • Printer Driver
  • Technology Books
  • တရားတော်များ

Thursday, September 27, 2018

Linux OS ပိုင်ရှင် Linus Benedict Torvalds

 September 27, 2018     ထင်ရှားကျော်ကြားသူများ     No comments   


အမည်      -    Linus Benedict Torvalds
မွေးနေ့      -    ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်
မွေးရပ်မြေ   -    ဟယ်စင်ကီးမြို့။

Linux Kernel ကို အစပျိုးတီတွင်မှုအတွက် လူသိများ ထင်ရှားတဲ့ ဖင်လန်နိုင်ငံသားလေး လင်းနစ်စ် ဘန်နီဒစ် တိုးရ်ဗောက်စ် (Linus Benedict Torvalds) ကို ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ဟယ်စင်ကီးမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူက Software Engineer နှင့် Hacker တစ်ယောက်လည်း ဖြစ်ပါတယ်။ Linux Torvalds က ၁၉၈၈ ခုနှစ် နဲ့ ၁၉၉၆ ခုနှစ်များအတွင်းမှာ ဟယ်စင်ကီး တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး သူ့ရဲ့ ကွန်ပျူတာ Science ဆိုင်ရာ မာစတာဘွဲ့အတွက် Linux: A Portable Operating System စာတမ်းကို ရေးသားပြုစုခဲ့ပါတယ်။ ကိုလင်းနစ်စ်ကြီးက သူရဲ့ ကျောင်းသား အပေါင်းအပါတွေနဲ့ Unix နှင့် မတူတဲ့ Minix ဆိုတဲ့ program တစ်ခုကို project လုပ်ကြရင်းနဲ့ PC တွေမှာ သုံးဖို့အတွက် Unix ကို Linux လို့ နာမည်ပေး ကင်ပွန်းတပ်ပြီး ၁၉၉၁ ခုနှစ်မှာ Version 0.11 ဆိုပြီး တစ်ကမ္ဘာလုံးကို အင်တာနက်ကနေ စပြီး ဖြန့်ပေးခဲ့လိုက်တာပေါ့ဗျာ။ တစ်ကယ်တော့ အဲဒီ Linux ဆိုတဲ့ နာမည်လေးက Unix နဲ့ သူ့နာမည် Linus ကို ပေါင်းလိုက်တာပါ။ နောက် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလမှာ Intel ကထုတ်တဲ့ 80386 ကို အခြေခံထားတဲ့ IBM PC တစ်လုံးကို ၀ယ်ပြီး Prince of Persia ဂိမ်းကို ရေးသားခဲ့ပါသေးတယ်။ နောက်ပြီး commodore VIC-20 နှင့် Sinclair QL ကွန်ပျူတာ စက်တွေကိုလည်း ၀ယ်ပြီး အဲဒီထဲက Operating System ကို ပြင်ဆင်ရေးခဲ့ပါတယ်။  အဲဒီ အချိန်တုန်းက သူရေးတဲ့ assembly Language, text editor နှင့် cool man အမည်ရှိတဲ့ Pac-Man Clone ဂိမ်းတို့က နာမည်ကြီးခဲ့ပါသေးတယ်တဲ့ဗျာ။ ၁၉၉၇ မှ ၁၉၉၉ ခုနှစ်များအတွင်း သူသည် linux နှင့် unix အတွက် အလုပ်များစွာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအတွက် MIT Technology Review TR100 တွင် အသက် ၃၅ နှစ်အောက် တီတွင်သူ လူငယ်ပညာရှင်တစ်ဦး အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသေးတယ်။ သူက Linux စနစ်ကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင်ပေးခဲ့သလို Linux Foundation ကို တည်ထောင်ရာတွင်လည်း ပါဝင် ဆောင်ရွက်ခဲ့သူတစ်ယောက်ပါ။ တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာတ၀ှမ်းက programmers တွေက အဲဒီ linux ကို ထပ်ဖြည့်ခြင်း ၊ အချောသတ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ကြရင်းနဲ့ Linux ဆိုတာ ဒီနေ့ Standard Unix System တစ်ခုမှာ ပါဝင်တဲ့ Features တွေအတိုင်း ပြည့်စုံအောင် လုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ Linux ဆိုတာ ဘယ်လိုမျိုးလည်းဆိုတော့ ဒီနေ့ခေတ် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Windows, Windows NT, Mac OS တွေနဲ့ မတူညီတာက linux က ပိုပြီး စွမ်းအားမြင့်ပါတယ်။ ဘယ်ဟာမဆို ပုံသေကြီး မရှိဘူး။ အသုံးပြုသူ user တစ်ယောက်က programming language ကို ပိုင်နိုင်သူ တစ်ယောက် ဖြစ်ရင် Operating System တစ်ခုလုံးကို ကိုယ့်စိတ်ကြိုက် ပြန်ရေးလိုက်လို့ ရပါတယ်။ နောက်တစ်ခု Linux ဆိုတာ အလကားရတာပါ။ Windows လို ၀ယ်သုံးစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာလည်း နှောင်တစ်ချိန်မှာ Developed ဖြစ်လာနိုင်ဖို့ ရှိပါတယ်။ အခုတောင် Ubuntu တို့ Fedora တို့ တော်တော်များများ သုံးနေကြတယ်။ အင်တာနက် ဆိုင်တွေတောင် Linux Server တွေထောင်ပြီး သုံးတာတွေ ရှိလာပါတယ်။ Linux က Professional Level သုံး Office Suites ကနေ Multimedia ပိုင်း၊ Internet Services တွေ၊ Development Tools တွေ တော်တော်များများကိုလည်း Support လုပ်ပါတယ်။ နောက်ပြီး Application တွေကလည်း online ပေါ်မှာ ပြည့်နေတာပဲဗျာ။ မူးတောင် မူးတယ်။ ဟိုးအရင် ကွန်ပျူတာတွေရဲ့ အစဖြစ်တဲ့ ဆယ်စုနှစ် တော်တော်များများမှာ mainframe နှင့် Minicomputer တွေမှာ အသုံးပြုခဲ့ကြတဲ့ Unix System ကနေ ဆင်းသက်လာခဲ့တဲ့ Linux ကို ကျွန်တော်တို့လည်း သိထားဖို့ အချိန်တစ်ခုကို ရောက်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာ IP Law တွေ ပေါ်လာတဲ့အခါ Microsoft Windows ကိုပိုက်ဆံပေးပြီး ၀ယ်သုံးမဲ့အစား အခုလို အလကားရတဲ့၊ နောက်ပြီး open source လည်း ဖြစ်တဲ့ Linux ကိုပဲ သုံးမှာပေါ့ဗျာ။ ဟုတ်တယ် မဟုတ်လား ။ ပြဿနာ တစ်ခုခု ဖြစ်ရင်လည်း အွန်လိုင်းပေါ် တက်လိုက်ရင် ကူညီမဲ့ အဖွဲ့အစည်းတွေက အများကြီးပဲ။ အခုဆို Ubuntu အဖွဲ့တွေ ကျွန်တော်တို့ နိုင်ငံမှာတောင် ရှိနေပြီ။ Linux Torvalds စခဲ့တဲ့ Linux က အခုဆိုရင် PC Version အပြင် Network Server တွေ၊ workstation တွေမှာ အသုံးပြုဖို့အတွက်ပါ ရွေးချယ်စရာတွေ အများကြီး ရှိနေပါတယ်ဗျာ။ Linux Torvalds ကတော့ ၂၀၁၀ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ပြီး အခုထိ linux နှင့် ပက်သက်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နေပါတယ်ဗျာ။

မူရင်းပို့စ်   -    Knowledge Box
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 မှတ်ချက်:

Post a Comment

သုံးလောကထွက်ထား သဗ္ဗေညု မြတ်စွာဘုရား


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ

ယနေ့ ဒေါ်လာပေါက်ဈေး

CKS Computer Knowledge Sharing

အချိန်ရှိခိုက် လုံ့လစိုက်

ကွန်ပျူတာ ဆော့ဝဲလ်များ

Printer Driver

Facebook Page

လူကြည့်အများဆုံး ပို့စ်များ

  • Driver Talent Pro V7.1.27.76 Full Version (2019)
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dri...
  • USB Disk Security V6.5.0.0 Full Version
    ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ ဆော့ဝဲလ်လေးတွေ  Anti-Virus, CCleaner, USB Disk Security  လေးတွေ ရှိနေရင် ကွန်ပျူတာ တစ်လုံးဟာ Vir...
  • Driver Easy V5.6.12.37077 Full Version (2019)
    Windows တွေ တင်ပြီးတဲ့အခါ  လိုအပ်တဲ့  Graphic Driver, wifi, Bluetooth, USB, Network Driver   တွေ မောင်းပေးရပါတယ်။ လိုအပ်တဲ့  Driver  တွေ ...
  • Driver Talent Pro V7.1.30.2 Full Version
    ကွန်ပျူတာတွေ Windows  တင်ပြီး လိုအပ်တဲ့  Driver တွေ မောင်းရတယ်။ Driver Pack တွေ၊ Sam Driver တွေနဲ့ မောင်းကြတယ်။ ဒါကို တစ်ချို့စက်တွေက Dr...
  • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
    Windows iso ဖိုင်တွေ ဒေါင်းလာတယ်။ USB Device တို့ DVD  တို့နဲ့  Boot  တတ်မယ်ပေါ့။ Window iso ဖိုင်တွေကို ခွေပြန်ဘမ်းမယ်ပေါ့...

မင်္ဂလာပါ

CKS Computer Knowledge Sharing မှ              ကြိုဆိုပါ၏             စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ထာဝရ ပြည့်စုံနိုင်ပါစေ။

Followers

လာရောက်ကြည့်ရှု့သူများ

တင်ခဲ့ပြီးသော ပို့စ်များ

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ▼  September (8)
      • Mozilla Firefox Browser မှာ မြန်မာစာ မမှန်သူများ
      • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
      • Unicode Font Converter V1.0
      • Adobe PageMaker 7.0
      • ပန်းသီး ပိုင်ရှင် Steve Job
      • Linux OS ပိုင်ရှင် Linus Benedict Torvalds
      • ကွန်ပျူတာ ဆော့ဝဲလ်သူဋ္ဌေးကြီး Bill Gates
      • Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ►  February (10)
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

ခေါင်းစဉ်အလိုက် ရှာဖွေရန်

  • Printer Driver မ်ား
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ

Blog Archive

  • ►  2022 (1)
    • ►  January (1)
  • ►  2021 (16)
    • ►  December (2)
    • ►  October (2)
    • ►  September (1)
    • ►  June (3)
    • ►  May (6)
    • ►  April (1)
    • ►  March (1)
  • ►  2020 (52)
    • ►  December (4)
    • ►  November (1)
    • ►  October (1)
    • ►  September (9)
    • ►  August (6)
    • ►  July (8)
    • ►  June (6)
    • ►  April (8)
    • ►  February (6)
    • ►  January (3)
  • ►  2019 (125)
    • ►  December (4)
    • ►  November (3)
    • ►  September (3)
    • ►  August (25)
    • ►  July (48)
    • ►  June (13)
    • ►  May (11)
    • ►  April (4)
    • ►  March (3)
    • ►  February (5)
    • ►  January (6)
  • ▼  2018 (67)
    • ►  December (6)
    • ►  October (6)
    • ▼  September (8)
      • Mozilla Firefox Browser မှာ မြန်မာစာ မမှန်သူများ
      • Windows ISO ဖိုင်တွေကို Bootable ပြုလုပ်
      • Unicode Font Converter V1.0
      • Adobe PageMaker 7.0
      • ပန်းသီး ပိုင်ရှင် Steve Job
      • Linux OS ပိုင်ရှင် Linus Benedict Torvalds
      • ကွန်ပျူတာ ဆော့ဝဲလ်သူဋ္ဌေးကြီး Bill Gates
      • Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk
    • ►  July (6)
    • ►  June (7)
    • ►  May (4)
    • ►  April (8)
    • ►  March (6)
    • ►  February (10)
    • ►  January (6)
  • ►  2017 (59)
    • ►  December (7)
    • ►  November (10)
    • ►  September (5)
    • ►  August (2)
    • ►  July (6)
    • ►  June (12)
    • ►  May (7)
    • ►  April (3)
    • ►  March (2)
    • ►  February (1)
    • ►  January (4)
  • ►  2016 (3)
    • ►  December (3)

Labels

  • Burning Software
  • Canon Printer
  • Civil Engineer
  • Clean Software
  • Computer Games
  • Converter
  • Data Recovery
  • Dictionary Software
  • Download Software
  • Driver Download
  • Epson Printer
  • Fonts
  • Graphic Design
  • Office
  • POS Printer
  • Printer Driver များ
  • Reader Software
  • Resetter
  • Scan Driver
  • Simple Software
  • Typing Software
  • Video Editing
  • WebCam
  • ကွန်ပျူ တာဆိုင်ရာ နည်းပညာ
  • ထင်ရှားကျော်ကြားသူများ
  • နည်းပညာ စာအုပ်များ
  • နည်းပညာ ဗဟုသုတ

About Me

  • Myo Thant
  • Myo Thant
  • မောင်မျိုးသန့် ( ကျောက်ဆည် )

Copyright ©
Design by Myo Thant