Computer System မှာ Hardware နဲ့ Software ဆိုပြီး နှစ်မျိုးရှိတယ်။
- Hardware
- Software
Hardware ဆိုတာက ကွန်ပျူတာ တစ်ခုလုံးကို အသုံးပြုနိုင်အောင် ထောက်ပံ့ပေးသော ပစ္စည်း ( ဥပမာ - Motherbaord, HardDisk, PowerSupply,......,etc.......) ပေါ့။ Hardware က ကိုင်တွယ်ထိတွေ့လို့ရတဲ့ ပစ္စည်းမျိုးပေါ့။
Software ဆိုတာက ကိုင်တွယ်ထိတွေ့လို့မရဘူး။ အသုံးပြုလို့ ရတဲ့ Program တစ်မျိုးပါ။ (ဥပမာ - Word, Excel, PowerPoint, Pagemaker,.......,etc.......) Word က စာစီစာရိုက်လုပ်လို့ရတယ်။ Word ဆိုတဲ့ ဆော့ဝဲလ်ကြီးကို ကိုင်တွယ်ထိတွေ့လို့ မရဘူး။
ဒီတော့ Hardware ဆိုတာက ကိုင်တွယ်ထိတွေ့လို့ရတယ်။ Software ဆိုတာက ကိုင်တွယ်ထိတွေ့လို့ မရဘူး။ အသုံးပြုလို့ ရတဲ့ Program မျိုးကို ဆိုလိုတယ်ပေါ့။
Software
- System Software
- Application Software
System Software ဆိုတာက ကွန်ပျူတာမှာ Software icon တွေ မြင်လို့ အလုပ် လုပ်လို့ရအောင် Hardware ကြားကနေ ဆောင်ရွက်ပေးတဲ့ Software မျိုးကို System Software လို့ ခေါ်တယ်။ Hardware နဲ့ Application Software တွေကြားမှာ အသုံးပြုလို့ရအောင် Windows ဆိုတဲ့ Operation System ( OS ) ဆိုတာမျိုးကို ခေါ်ပါတယ်။
Operation System (OS) ဆိုတဲ့ Windows ပါရှိပြီးရင်တော့ မိမိတို့ အသုံးပြုမည့် လိုအပ်သည် Application Software များကို ထည့်သွင်းအသုံးပြုနိုင်တယ်။ စာစီစာရိုက်တွေ၊ စာရင်းဇယားတွေ ပြုလုပ်မယ်ဆိုရင်တော့ Word, Excel စတဲ့ Application Software တွေ အသုံးပြုဖို့ Install ပြုလုပ်ရပါတယ်။
နောက်ပို့စ်ဆက်မျှော်တာပေါ့
အဆင်ပြေပါစေ
ကျောက်ဆည်သားလေး
0 မှတ်ချက်:
Post a Comment